မြန်မာနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသတွင် ခွဲထွက်ရေးလှုပ်ရှားမှုများကို လက်ခံ မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဆို


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်နယ်စပ်တွင် ခွဲထွက်ရေးလှုပ်ရှားမှုများကို လက်ခံမည်မဟုတ် ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့  ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှာခီးအာမက်ကဆိုသည်။

၎င်းက "ဘင်္ဂလားဒေ့ရှ့် နယ်ခြားစောင့်တပ်ဖွဲ့ BGB နဲ့ မြန်မာ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ BGP တို့ဟာ နှစ်နိုင်ငံနယ်ခြားတစ်လျှောက်မှာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ လက်ခံမှာမဟုတ်ဘူး ဒါကြောင့် BGB နဲ့ BGP တပ်ဖွဲ့တွေဟာ ပူးတွဲကင်းလှည့်ဖို့ လည်း သဘောတူညီခဲ့တယ်" ဟုဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ၏ (၈) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးကို နေပြည် တော်တွင်ကျင်းပခဲ့ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသဘောတူညီခဲ့ ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးအတွင်း  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် သတင်းဖလှယ်မှုများဆောင်ရွက်ရန် တပ် ရင်းမှူးအဆင့်၊ ဒေသကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အ စည်းအဝေးတို့ကို နှစ်ဖက်သဘောတူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ် ကျင်း ပပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ပဲ ရှာဖွေစုံစမ်း ပိတ်ဆို့တားဆီးနှိမ်နင်းရန် အချက်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ် ခြားစောင့်တပ်ဖွဲ့များကြား သဘောတူညီခဲ့ကြောင်း သိရသည်။

ထိုအပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ကြိုတင်တားဆီးကာကွယ် သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တ ရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုများ ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေး ကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအ ကြား အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိကြီး အဆင့် ဆက်သွယ်မှုများ ပိုမိုလျှင်မြန်စွာဆောင်ရွက်ကြရန်၊ ယုံကြည်မှုတည် ဆောက်ခြင်း တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်လည်ပတ်ခြင်း၊ အားကစား ပြိုင်ပွဲများကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ အခါအားလျော်စွာ ကျင်းပ သွားရန်တို့ကို သဘောတူညီခဲ့ကြသည်။

အဆိုပါ ဆွေးနွေးသဘောတူညီမှုများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အ ကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post