၁၉၄၇ မှာ အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း ဆာဝန်စတန်ချာချီက စစ်အေး(Cold War) ရဲ့ သဘောတရားကို အင်္ဂလန်ပြည်သူတွေကိုချပြခဲ့တယ်။ ဒါကဘာလဲဆိုတော့ - ကမ္ဘာ့လူလည်ကြီးများရဲ့ လူလည်လုပ်နည်း နည်းနာနိဿယတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ ဒီနေ့အထိ အောင်မြင်နေခဲ့တဲ့ Propaganda လို့ပြောရင်မှားမယ်မထင်ဘူး။
စစ်အေးသဆဘာတရားမှာ ဝါဒပြိုင်ကြတာဖြစ်ပြီး သတ်မှတ်ထားတဲ့ စစ်မျက်နှာပြင်မရှိဘူး၊ လူနဲ့စစ်တိုက်တာမဟုတ်ဘဲ ဝါဒရေးရာအရစစ်တိုက်ကြတာ၊ ဝါဒတူရာနိုင်ငံတွေ တွေစုပြီး အင်အားတည်ဆောက်ကြတာပါ။
၁၉၁၇ အောက်တိုဘာတော်လှန်ရေးအပြီးမှာ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လာတယ်။ ဒီမှာတင် အရင်းရှင်နိုင်ငံတွေက ရုရှားကိုကြောက်လာကြတယ်။ ကွန်မြူနစ်နိုင်ငံတွေကိုဖိနိုပ်ဖို့ စစ်အေးသဘောတရားတွေကိုခပ်လှိုင်လှိုင်လေးချပြီး ကမ္ဘာ့နိုငံရေးကိုကစားတော့တာပါဘဲ။
ဒုတိယကမ္ဘာစစ်စတော့ ဂျာမန်နာဇီတွေဟာ ရုရှားကိုကျူးကျော်ခဲ့တယ်။အရင်းရှင်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ အမေရိကန်တို့က ရုရှားဘက်ကကူညီသယောင်နဲ့ စစ်မီးလောင်နေမှုအပေါ် ဓာတ်ဆီလောင်းပေးတယ်။ သူတို့မျှော်မှန်းချက်က ဖက်ဆစ်ဝါဒီနာဇီဂျာမနီနဲ့ ကွန်မြူနစ်ဝါဒီ ရုရှားတို့စစ်ဖြစ်ပြီးအင်အားချိနဲ့သွားအောင်လုပ်ကြတာ။
ဒါပေမယ့်ရုရှားတွေက ဥာဏ်ကောင်းတယ်၊ အရင်းရှင်နိုင်ငံတွေကိုအချိုသတ်ပြီးတော့ ဆိုရှယ်လစ်စနစ်ဘက်ကိုယိမ်းခဲ့တယ်။ မော်စကိုညီလာခံ (၁၉၄၃)၊ တီဟီရန်ညီလာခံ (၁၉၄၃)၊ ယော်လတာညီလာခံ၊ ပေါ့စတာညီလာခံ (၁၉၄၉)တွေကျင်းပပြီး အမေရိကန်နဲ့ရုရှားကို အပီချုပ်ပြီး နာဇီတွေကိုစစ်ရှုံးသည်အထိ ပေါင်းတိုက်ဖို့အားယူခဲ့ပြီး စစ်ကြီးပြီးတဲ့အခါ ဖက်ဆစ်နဲ့ နာဇီတွေလက်အောက်ကလွတ်မြောက်လာတဲ့ အရှေ့ဥရောပနိုင်ငံတွေကို ရုရှားရဲ့ဩဇာအာဏာလွမ်းမိုးခဲ့ပြီး ဆိုရှယ်နိုင်ငံတွေဖြစ်ပေါ်လာခဲ့တယ်။
ဒီနေ့ခေတ်မြန်မာပြည်ဟာ စစ်အေးတိုက်ပွဲရဲ့ နယ်ရုပ်တစ်ရုပ်အဖြစ်ရှိနေဆဲပါ။
အမေရိကန်ဆန်နဲ့ ဒီမိုကရေစီပုံစံကိုသွားမလား? ကျွန်တော်တို့ (၁၃၅)မျိုးသောလူမျိုးစုတွေရဲ့ Traditional Culture တွေကိုတော့ စွန့်ပစ်ရမယ်။ တရုပ်လို တစ်ပါတီစနစ်နဲ့သွားမလား? အနောက်အုပ်စုမွေးထားတဲ့ ပြည်တွင်းအတိုက်အခံတွေနဲ့တင်ခရီးမပေါက်လောက်ဘူး။ ရိုးရာမပျက် လွှတ်တော်တက်ပြီး ဒီမိုကရေစီနိုင်ငံလိုဘဲနေမလား ဦးသိန်းစိန်ငါးနှစ်လိုချောမွေ့နေဖို့မသေချာဘူး။
အနှစ်ချုပ်တင်ပြရရင် သူများဝါဒမှိုင်းတွေနောက်ဘာကြောင့်လိုက်နေမလဲ မြန်မာဟာမြန်မာဖြစ်တယ်ဆိုတာကိုပြပါ။ မြန်မာပြည်နဲ့ကိုက်ညီမဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုရေးဆွဲလိုက်စမ်းပါ။အောင်မြင်ပါလိမ့်မယ်
SKG
Post a Comment