KIA တပ်မဟာ ၉ ရင်း ၆ အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊KIA အဖွဲ့ထံမှ လက်နက်၊ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့


ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေး ဆောင်ရွတ်နေစဥ် မှော်ပုံကျေးရွာရှိ သဲအင်းဂူဘုန်းကြီးကျောင်းအနီး ဆက်ကြေးကောက်၊လူသစ်စုဆောင်းရန် ရောက်ရှိနေသော KIA တပ်မဟာ ၉ ရင်း ၆ အဖွဲ့နှင့် မနေ့က ညနေပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် KIA အဖွဲ့ထံမှ kia အရာရှိကိုင်ဆောင်သော ပစ္စတို ၁ လက်၊ကျည်အိမ် ၃ ခု၊ကျည်မျိုးစုံ ၂၃၄ တောင့်၊လက်လုပ်သေနတ် ၅ လက်၊လက်လုပ်မိုင်း ၆ လုံး၊ကျည်ကာအင်္ကျီ ၁၅ ထည်၊KIA ယူနီဖောင်း ၁၆ စုံ
၊ဦးထုပ် ၅ လုံး၊အိုင်ကွန်အထိုင်စက် ၁ လုံး၊လမ်းလျှောက်စကားပြောစက် အားသွင်းခုံပါ ၆ လုံး၊ဆေးဝါးမျိုးစုံ(ဆာလာအိတ်) ၅ အိတ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

လက်နက်၊ခဲယမ်း ဆက်စပ်ပစ္စည်းပုံများ ရရှိပါက ပြန်လည်ဖော်ပြပေးပါမည်။

https://t.me/manawmyay007

Post a Comment

Previous Post Next Post