KNU ရဲ့ လူသစ်စုမူဝါဒကြောင့် ထွက်ပြေးနေရသည့် ကရင်လူငယ်များ


KNU အမာခံ Page ဖြစ်တဲ့ Karen Information Center- KIC တောင် နည်းနည်းအမြင်မှန်ရလာပြီ..
KNU က အတင်းအကြပ် တပ်သားသစ်လိုက်စုနေလို့ ကရင်လူငယ်တွေ ထိုင်းဘက်ထွက်ပြေးနေရပါပြီဆိုပြီး ဖော်ပြလာတယ်။
KNU ဆိုတာ လူမျိုးရေးဗန်းပြထားသည့် အကြမ်းဖက်အဖွဲ့ဆိုတာထက် မပိုတာ သိသာထင်ရှားလာတယ်။
တပ်သားသစ်စုတယ်ဆိုတာ International Law တွေရှိပြီးသား..
အသက်၊ပညာအရည်အချင်း၊စာရိတ္တကောင်း၊ပြစ်မှုကင်းရှင်း၊ကာယကံရှင်ဆန္ဒအရ၊ အတင်းအဓမ္မစုလို့မရ စသည့် အချက်တွေအများကြီးရှိတယ်။
မြန်မာ့တပ်မတော်က တရားဝင် သတင်းစာနဲ့ဖိတ်ခေါ်ပြီးတော့စုတာ၊ ဒါမျိုးမှ နည်းလမ်းမှန်တယ်ခေါ်တယ်။
KNU ကတော့ တအိမ်ထောင်တစ်ယောက်ပေး၊ မပေးနိုင်ရင် ငွေပေးဆိုတော့ ကာလကြာလာတဲ့အချိန်မှာ ကရင်အချင်းချင်းတောင် မခံနိုင်တော့ဘူး.
ကရင်လူငယ်တွေဆိုရင် ရွာတွေမှာမရှိသလောက်ရှား သွားပြီလို့ သိရတယ်။
ကရင်လူမျိုးအကျိုးအတွက်လုပ်နေတာမဟုတ်ဘဲ၊ CRPH/NUG ရဲ့ ပေးကမ်းငွေများကို ကိုယ်ကျိုးအတွက်ရယူပြီး ကရင်လူငယ်တွေကို အသုံးချနေတာ မြင်သာလာတော့ ကရင်တွေလည်း အမြင်မှန်ရလာပြီ၊ KNU ထဲ မဝင်ချင်ကြတော့ဘူး။
ဒီအချိန်မှာ ကရင်တွေထက်ပိန်းသွားတာက NUG ဆိုတဲ့ မတရားအသင်းရဲ့ ဝါဒမှိုင်းမိပြီး KNU ထဲရောက်သွားတဲ့ မြန်မာလူငယ်တွေဘဲ..
ကရင်တွေတောင် မဝင်ချင်တော့တဲ့ KNU ထဲ သွားဝင်နေတဲ့ မြန်မာတွေ ဘယ်လောင်တောင် အသိတရားမရှိ ပိန်းပိတ်နေလဲဆိုတာ စဉ်းစားသာကြည့်တော့။
ဒါကြောင့် ပဒက်ငပိတ်လေးတွေကိုလည်း ကရင်တွေလို အမြင်မှန်ရပြီး KNU လက်ထဲက မြန်မြန်ရုန်းထွက်စေချင်မိတယ်။

Saw Ba Maung(ဖားစည်သံ)

Post a Comment

Previous Post Next Post