ပြည်သူရဲ့စိတ်ဓါတ်​တွေ စုတ်ပြတ်သတ်​အောင်အုပ်ချုပ်ခဲ့တဲ့ NLDသက်တမ်း၅နှစ်

ဒီလိုလူမျိုးတွေ နိုင်ငံကို ၅ နှစ်အုပ်ချုပ်ခဲ့လို့ စိတ်ဓာတ်၊ စည်းကမ်း အကုန်ပျက်ယွင်းခဲ့ရသလို အခုလည်း နိုင်ငံကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေကြအားလုံးသိတဲ့အတိုင်းပဲ... လမ်းမှားရောက်ကုန်တဲ့ လူငယ်တွေက မိဘ၊ ဆရာ လို့ကိုမမြင်နိုင်အောင် အမိုက်မှောင်ဖုံးလွှမ်းခဲ့ကြပြီး လူတစ်စုရဲ့ အသုံးတော်ခံဖြစ်နေတာကို နားမလည်မကြဘူး။
အချောင်နေ၊ အချောင်စားပြီး အောက်ခြေနေ တဆင့်ချင်းဝမ်းစာပြည့်ပြီး တက်လာတာ မဟုတ်ဘဲ ဘာနိုင်ငံရေး၊ စီးပွားရေးအမြင်မှမရှိဘဲ ပါတီကောင်းမှုနဲ့ နေရာရကြပြီး နိုင်ငံခြားသား အကြံပေးပြောသမျှ အကုန်ခေါင်းငြိမ့်ပြီး ဖျက်ဆီးသွားခဲ့ကြတာမြင်နိုင်ကြပါစေ။ 

လုပ်ခဲ့တာတွေအများကြီးထဲကမှ တစ်ခုကိုပြောပါဆိုရင် ရခိုင်အရေးကို အမျှော်အမြင်နည်းစွာနဲ့ နိုင်ငံခြားသားတွေ နိုင်ငံထဲစွဲသွင်းပြီး နိုင်ငံတကာ ဇာတ်ခုံပေါ်ရောက်အောင်လုပ်ခဲ့တာပဲ။ ဒီချုပ်က လွှတ်တော်အမတ်ဆိုတဲ့သူ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာပြောပြီး ဝမ်းဝခါးလှနေတော့ မေမေသာလျှင် ဘုရားလောင်းဆိုပြီး ငြိမ်နေခဲ့ကြတဲ့ အကျိုးဆက်တွေ အခုနိုင်ငံတစ်ခုလုံးခံစားနေကြရပြီ။


NLD ကအမတ်တွေ အရည်အချင်းစစ်တာ ဇီးရိုးဆိုတော့ ပြည်သူကို သူတို့ ဘယ်လိုတောင် စေတနာမရှိဘဲအုပ်ချုပ်ခဲ့လည်းဆိုတာ စဉ်းစားသာကြည့်ကြတော့။ ယုံတဲ့သူတွေတော့ ယုံလို့ကောင်းကြတုန်းပဲ.....

#HlaShwe

Post a Comment

Previous Post Next Post