သတင်းစာမှာ မင်းခန့် ရေးထားတဲ့"NUG/PDF အဖွဲ့တို့၏ ရက်စက်ယုတ်မာသောတမူးအကြမ်းဖက်မှုဖြစ်စဉ်"

ယနေ့နိုင်ငံအတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ
ကိုကြည့်မယ်ဆိုရင် အဓိကတရားခံဟာ NUGနဲ့
PDFတွေပဲဖြစ်တယ် ..
-
နေ့စဉ်နဲ့အမျှ အပြစ်မဲ့ပြည်သူတွေကို
ခေါင်းစဉ်အမျိုးမျိုးပြပြီး ရက်ရက်စက်စက်
tတ်ဖြတ်နေကြတာဟာ မြင်လို့ ကြားလို့တောင်
မကောင်းဘူး ...
-
ထင်သာအောင် ပြောရမယ်ဆိုရင်
ဥပမာ- တမူး ဖြစ်စဉ်လိုမျိုး
(ယခုလိုဖြစ်စဉ်တွေအများကြီး)
-
ဒါတွေကို ဘယ်သူခိုင်းလဲဆိုတော့
NUG က ခိုင်းတယ်
ဘယ်သူကtတ်ဖြတ်လဲဆိုတော့
PDFတွေပါ ..

NUG က သူ့လက်အောက်မှာ PDFတွေကို
ဖွဲ့စည်းပြီး လက်နက်တွေတပ်ဆင်ပေးထားတာ
ဖြစ်တယ် ...
-
အဲလိုတွေ ဗရမ်းဗတာ စည်းမရှိ ဘောင်မရှိတဲ့
လူတွေကို လက်နက်တွေ တပ်ဆင်ပေးတဲ့အတွက် 
မြင်မြင်သမျှပြည်သူတွေကို လက်နက်အားကိုးနဲ့
ကြက်ကလေး ငှက်ကလေးလို ရက်ရက်စက်စက်
လုပ်ကြံကြတယ် ..
-
ဒါတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုကို
မလိုလားဘူးဆိုပြီး တသွင်သွင်အော်နေတဲ့
အနောက်နိုင်ငံကြီးတွေကတောင် မသိချင်
ယောင်ဆောင်ပြီး လူမှုကွန်ရက်တွေပေါ်မှာလည်း
နည်းပညာအား/ ငွေအားတွေနဲ့  ဖုံးဖိပေးနေကြ
သေးတယ် ...
-
အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံ
အစည်းအဝေးဆုံးဖြတ်ချက် (၄၉/၆၀)မှာ ဖော်ပြ
ထားပြီးဖြစ်တယ်။
-
ဒါကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက
အစ ဖြစ်စဉ်အမှန်တွေကိုသိလျက်နဲ့ မျက်ကွယ်
ပြုထားကြတယ် ...

NUG အကြမ်းဖက်အဖွဲ့နဲ့ ၎င်းတို့ လက်ပါးစေ
လူtတ်သမား PDF တွေရဲ့ယုတ်မာမှုကတော့
ဒေ၀ဒတ်တောင်အဖေခေါ်ရမလိုဖြစ်နေပြီ ...
-
ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်လုပ်ရပ်တွေ
လုပ်နေကြတဲ့  NUG နဲ့ PDF တွေအနေနဲ့ 
ကိုယ်လုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် တစ်နေ့နေ့မှာ
ကိုယ်ပြန်ခံဖို့ အသင့်ပြင်ထားပါလို့ပြောချင်တယ်။

Post a Comment

Previous Post Next Post