ဆရာတော်ဦးဝါသဝထံPDFအကြမ်းဖက်သမားများ ဖုန်းဆက်ဆဲဆိုခြိမ်းခြောက်မှုများလုပ်ဆောင်လျက်ရှိ


ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပြည်သူ့စစ်များဖွဲ့စည်းနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသောဆရာတော်ဦးဝါသဝ(ငါးရာငါးဆယ်ဆရာတော်)ထံ PDFအကြမ်းဖက်သမားများကဖုန်းဆက်၍ဆဲဆိုမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည် ဆရာတော်က"ဆရာတော်ဆီကိုPDFတွေဖုန်းဆက်ပြီးဆဲဆိုကြတာတွေတော်တော်များနေပြီသူ့အကုသိုလ်နဲ့ သူပဲလေဆရာတော်ကတော့ဘာမှမတုန့်ပြန်ပါဘူးဒီကလေးတွေလမ်းမှားရောက်နေကြပြီ။သနားမိတယ်။အသိတရားမရှိကြတော့ဘူး။စိတ်မကောင်းဖြစ်မိတယ်။တဖက်မှာတည်ငြိမ်အေးချမ်းရေးအတွက်လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုလည်းအချိန်မပေးနိုင်ဘူး။သူတို့ အားရအောင်ဆဲပြီးဖုန်းချသွားကြတာပဲ"ဟုမိန့်ကြားသည်။
ဆရာတော်အနေဖြင့်အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက်ချိတ်ဆက်လိုသူများဆက်သွယ်နိုင်ရန်ဖုန်းနံပါတ်များပေးထားရာမှပြည်ဖျက်မိစ္ဆာPDF အကြမ်းဖက်သမားများကဖုန်းနံပါတ်ရရှိပြီးဆက်သွယ်ဆဲဆိုခြိမ်းခြောက်မှုများပြုလုပ်နေကြခြင်းဖြစ်သည်။PDFအကြမ်းဖက်သမားများအနေဖြင့်ဆရာတော်ကိုလုပ်ကြံသတ်ဖြတ်ရန်နယ်မြေအတွင်းပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေးလှည့်လည်သွားလာနေစဉ်မိုင်းဆွဲတိုက်ခိုက်မှု၃ကြိမ်အထိလုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။

Post a Comment

Previous Post Next Post