what is Democracy?ဒီမိုကရေစီဆိုတာဘာလဲ


ကျွန်တော်တို့နိုင်ငံမှာ ရိုးသားတဲ့တောသူတောင်သား အများစုကို ဒီမိုကရေစီဆိုတဲ့ စကားလုံးတစ်ခုနဲ့ အရောင်ဆိုးခံခဲ့ကြရတယ်....
လူအများစုဟာ ဒီမိုကရေစီရရင်ပဲ အလုပ်မလုပ်ပဲစားကြရတော့မှာလိုလို ဒီမိုကရေစီရရင်ပဲ ချမ်းသာကြတော့မှာလိုလို ထင်ယောင်မှားခဲ့ကြတာ စည်းကမ်းစနစ်တကျနေရမယ်ဆိုတာကိုမေ့နေကြတယ်...
ဒီမိုကေရစီဆိုတာ ကြောင့်ပဲ ငယ်ငယ်ကသင်ကြားခဲ့ကြရတဲ့၃၈ဖြာ တရားတော်တွေကိုမေ့ခဲ့ကြတယ်... ဒီမိုကရေစီဆိုတာလုပ်ချင်ရာလုပ်ခွင့်ရနေကြတယ်ထင်ခဲ့ကြတယ် ဒီမိုကရေစီကြောင့်ပဲ မိသားစုဆွေမျိုးသားချင်း သူငယ်ချင်းတွေအချင်းချင်း ပြန်သတ်ကြတယ်...
ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့ ကျွန်တော်တို့နိုင်ငံမှာ အပျင်းပြေလူသတ်တန်းကစားနေကြသလိုပဲ...
နိုင်ငံတော်သီချင်းရဲ့ခြေဆင်းအပိုဒ်ကို သတိမရကြတော့ဘူး "အများလူခပ်သိမ်းငြိမ်းချမ်းစေဘို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ" ဝါဒတွေမဖြူစင်ကြတော့ဘူး ငါနဲ့မတူငါ့ရန်သူဆိုတာလိုဖြစ်လာကြတယ်...
ဒီမိုကရေစီကိုပါးစပ်ကတစ်ဖွဖွပြောပြီး လွတ်လပ်စွာကွဲလွဲပိုင်ခွင့်တွေဆုံးရှုံးလာတယ်...
မတူညီမှုတွေကိုလက်မခံချင်ကြတော့ဘူး...
လက်နက်ကိုင်တိုက်ပွဲဝင်နေရုံနဲ့ စနစ်တစ်ခုပြောင်းလဲသွားနိုင်မလားတော့မသိဘူး...
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှငြိမ်းချမ်းသွားတယ်လို့မမြင်မိပါဘူး...
လူအချင်းချင်းသတ်ဖြတ်ချင်းကင်းရှင်းကြပါစေ။
crd
ရဲမင်း

Post a Comment

Previous Post Next Post