PDF​တွေ​ကြောင့် ပြသနာတက်​နေရတဲ့ကရင်ပြည်နယ်

KNU ဗဟိုအဖွဲ့အစည်းမူများကို ဆန့်ကျင်ပြီး(သို့)နိုင်ငံတကာဥပဒေကိုချိုးဖောက်နေတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အရေးယူဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် တာဝန်ခံသည့်အနေဖြင့် KNU ဗဟိုတစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲအစည်းများက အိတ်ဖွင့်စာပိုပြီး တောင်းဆိုလိုက်တယ်လို သိရပါတယ်...ဖြစ်သင့်ပါတယ်
.ကရင်မြေမှာ ပြဿနာပေါင်းက သောင်းခြောက်ထောင်မကပါဘူး...ဒါတွေ ဘယ်တုန်းက စလာသလဲဆိုရင် NUG နဲ့ PDF တွေ ကရင်မြေကို ခြေချပြီဆိုကတည်းက ဖြစ်လာတယ်လို ပြောရမှာပါပဲ...ဗဟိုတစ်ခုလုံးက တာဝန်ရှိသူများ နုတ်ထွက်ပေးရမယ်ဆိုပြန်တော့လည်း အကုန်လုံးထွက်ရမှာ အမှန်ပဲ...ဒါပေမဲ့ နုတ်ထွက်သွားလည်း ပြဿနာက ပြေလည်သွားမှာမဟုတ်ပြန်ဘူး...ဗဟိုရဲ့ မူကို ဆန့်ကျင်နေတဲ့ကောင်တွေကတော့ ရှိနေဦးမှာပဲ...အပြစ်ရှိသူထွက်ကြေးဆိုရင်တော့ ခေါင်းဆောင် ၂ ယောက်လောက်ပဲ ကျန်ပါလိမ့်မယ်...
အဲဒီတော့ ကရင်တစ်မျိုးသားလုံးအနေနဲ့ ရွေးချယ်ကြပေါ့...ပြဿနာကောင်က ဘယ်သူတွေလဲဆိုတာ စဉ်းစားကြ...KNU ဗဟိုလား..? ကရင်တိုရဲ့ အိမ်ဦးခန်း ဖွတ်တက်သလို တက်ထိုင်နေတဲ့ NUG/PDF ကြောင့်လား...? ဆိုတာ စဉ်းစားကြပေါ့...

Post a Comment

Previous Post Next Post