ဝါးချွန်တို့၏ရာဇဝင်


ဒက္ခိဏသီရီမြို့နယ် ရဲ့မြို့နယ်လုံးကျွတ်လုံခြုံရေးအင်အား (၃၀၀) ဦးအား လက်နတ် (ဝါးချွန်) တက်ဆင်ပေးတဲ့ဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ February လကတည်းကဖြစ်ပေမယ့် အခုမှလိုင်းပေါ်မှာ လူပြောများလို့ပြန်ရှင်းပြပေးချင်ပါတယ်။

ဝါးချွန်ပေးတဲ့နေရာဟာ စစ်ကိုင်းတိုင်း/ မကွေးတိုင်းလိုနေရာမဟုတ်ပါဘူး။ PDF မရှိတဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ဖြစ်ပါတယ်။

သေနတ်နဲ့ PDF ကို ဝါးချွန်နဲ့တက်ထိုးခိုင်းရလောက်အောင် ဆရာစံခေတ်လောက်လဲ ခေတ်နောက်ကျမနေပါဘူး။ ဝါးချွန်ပေးတာဟာ အကြမ်းဖက် NLD. PDF တွေကိုတိုက်ခိုက်ဖို့ပေးတာမဟုတ်ဘဲ သူခိုးဓားပြရန်ကိုကာကွယ်ဖို့ပေးတာပါ။ 

ပေးချင်တာ ဝါးချွန်မဟုတ်ပါဘူး၊ စိတ်ဓာတ်အင်အားပါ။ USDP ပါတီဝင်များအနေနဲ့လည်း တာဝန်ရှိလူကြီးက ပေးတဲ့အရာဟာ ဝါးချွန်ဖြစ်နေရုံတင်မကဘူး၊ သွားကြားထိုးတံဖြစ်နေလဲ သူတို့ဂရုမစိုက်ပါဘူး။ ကျေနပ်စွာလက်ခံပြီး လမ်းညွှန်မှုကိုခံယူနေကြပါတယ်။ အဘဦးမြင့်လှိုင်ပေးနေတာ (ဝါးချွန်) မဟုတ်ဘူးစိတ်ဓာတ်အင်အား ၊ ပါတီဝင်တွေ လက်ခံရယူနေတာကလဲ (ဝါးချွန်) မဟုတ်ဘူး၊ စိတ်ဓာတ်အင်အားတွေဘဲဖြစ်ကြပါတယ်။ ဒီလိုတွေးခေါ်မျှော်မြင်နိုင်မှုဟာ နီပိတ်တွေဆီမှာမရှိဘူးဆိုတာလဲ အသေချာပါဘဲ

စစ်ကဲကြီး

Post a Comment

Previous Post Next Post