ပဒက်တွေကို အဲလိုသွားလုပ်မိရင် သေဖို့တစ်လမ်းပဲရှိမယ်

လမ်းခရီးသွားလို့ လမ်းတံတားကြေးကလွဲပြီး မြို့ဝင်ကြေးတောင် ပေးချင်တာမဟုတ်တဲ့ ကိုယ်တွေလူမျိုးတွေက အခုလို အခြေအနေမျိုးတွေ မြင်တွေ့နေရတာကို လက်ခံနိုင်ပါ့မလား။
လက်မခံနိုင်လဲ လက်ခံပေးနေရတာပဲ။ ဘာလို့ဆို ဒင်းတို့လက်ထဲမှာ လက်နက်တွေနဲ့လေ။ စစ်တပ်တို့၊ ရဲတို့၊ မော်တော်ပီကယ်တို့ဆို မဟုတ်တာလုပ်ရင် video ရိုက် live လွှင်ပြီး ပြောချင်တာ ပြောပစ်လို့ ရသေတယ်။ လိုင်းပေါ်မှာ ဆွမ်းကြီးဝိုင်းလောင်းမယ့်သူက ဒုနဲ့ဒေး။

ဒီကောင်တွေကို အဲလိုသွားလုပ်မိရင် သေဖို့တစ်လမ်းပဲရှိမယ်။ အခုပြည်သူတွေရဲ့ဘဝက ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့ စကားပုံလို ဖြစ်နေပါရော့လား။

#DGF21News

Post a Comment

Previous Post Next Post