သင်္ကြန်ကာလ ရှမ်းပြည်ဘက်ခရီးထွက်မည့်သူတွေများနေပြီး ဟိုတယ်ဘိုကင်ယူပြုလုပ်မှုတွေများပြားနေသလို အချို့ဟိုတယ်ကြီးတွေ အခန်းမရှိတော့ဟုဆို

သင်္ကြန်ကာလ ရှမ်းပြည်ဘက်ခရီးထွက်မည့်သူတွေများနေပြီး ဟိုတယ်ဘိုကင်ယူပြုလုပ်မှုတွေများပြားနေသလို အချို့ဟိုတယ်ကြီးတွေ အခန်းမရှိတော့ဟုဆို"

မကြာခင်ကျရောက်တော့မည့် သင်္ကြန်ပိတ်ရက်ကာလအတွင်း ရှမ်းပြည်နယ်ဘက်ကို ခရီးထွက်မည့်သူတွေ များပြားနေသလို ဟိုတယ်တွေမှာ ကြိုတင်ဘိုကင် ယူထားမှုတွေလည်း များပြားနေတယ်လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောဆိုကြောင်း CNI သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာ ကလော၊ တောင်ကြီး၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ လောက်ကိုင်မြို့တို့၌ ဟိုတယ်တွေမှာ ကြိုတင် ဘိုကင်ယူထားမှု များပြားနေတာဖြစ်ပြီး အချို့ဟိုတယ်ကြီးတွေမှာ ဘိုကင်ယူထားမှုမှာ ပြည့်နေလို့ အခန်းတောင်မရှိတော့ဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ဒီနှစ်သင်္ကြန်အတွက် ရေကစားမဏ္ဍပ်တွေအပြင် လမ်းလျှောက်သင်္ကြန်နဲ့ အခြားသော အစီအစဉ်များပါလုပ်ဆောင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
#mhtnews

Post a Comment

Previous Post Next Post