အ​မေရိကန်ဘဏ်ကြီး ဘာ​ကြောင့်ပြိုကွဲသွားရသလဲ

.          #Recession_လာပြီနော် 😁

CNN မှာ SVB- Silicon Valley Bank
ပြိုလဲသွားတာနဲ့ပါတ်သက်ပြီး အကျယ်တဝံ့
ရေးသားထားတယ်၊

- (၄၈) နာရီအတွင်း ဘာကြောင့် ဒုတိယ အကြီးဆုံး
   ဘဏ်ကြီး ပြိုလဲသွားရတာလဲ

2008 ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ (၁၅) နှစ်အကြာမှာ
အဆိုးဝါးဆုံး အမေရိကန်ဘဏ် ပြိုလဲမှုဖြစ်ပြီး
ငွေကြေးအပ်နှံသူတွေရဲ့ငွေ စုစုပေါင်း $ 200 B
ဆုံးရှုံးသွားခဲ့တယ်၊ အကြောင်းရင်းကတော့
အချိန်တိုအတွင်း ငွေအမြောက်အမြားထုတ်ယူခြင်း
ကြောင့်ဖြစ်ပါတယ်၊

#ဘဏ်အဓိကနယ်ပယ်

ဘဏ်ဆိုရင် ငွေအပ်တယ်၊ ငွေထုတ်ချေးပါတယ်
ဒါပေမဲ့ ဘဏ်တွေရဲ့ အဓိကနယ်ပယ်တွေ
မတူကြပါ၊ SVB ရဲ့နယ်ပယ်က #နည်းပညာ လုပ်ငန်း
#ကျန်းမာရေး လုပ်ငန်းကို အဓိကထား ငွေထုတ်ချေးတယ်၊

1983 မှာ စတင်တည်ထောင်ခဲ့တာမို့ သက်တမ်းအားဖြင့်
မကြာသေးပါဘူး၊ သက်တမ်းတိုအတွင်း အလျင်အမြန်
ကြီးထွားလာခဲ့တဲ့ဘဏ်ဖြစ်လာရတာ
ဘဏ်ရဲ့ ပစ်မှတ်နယ်ပယ် မှန်ကန်တာကြောင့် ဖြစ်ပါတယ်၊

အမေရိကန်ဘဏ်တွေအနက် သက်တမ်းတိုတိုလေးမှာ
အကြီးဆုံးဘဏ် (၂၀) အနက်တခုပါခဲ့ပြီး
2022 ထုတ်ပြန်ချက်အရ ဘဏ်အက်ဆက် ( ပိုင်ဆိုင်တန်ဘိုး)
$ 209 Billion အထိရှိထားတယ်၊
( အချို့သတင်းတွေမှာ နံပါတ် "၁၆" လို့ဖေါ်ပြကြပြီး
အချို့သတင်းတွေမှာ နံပါတ် "၂" လို့ဖေါ်ပြထား " )

အသေးစိပ်လေ့လာမှုတွေမတိုင်မီ
ဘာကြောင့် ဘဏ်ပြိုလဲရသလဲဆိုတာနဲ့ ပါတ်သက်ပြီး
   - ဘဏ်လုပ်ကိုင်မှု ရှေးရိုးဆန်
   - ရေရှည် ရည်မှန်းချက် ရှုပ်ထွေး၊ ပဋိပက္ခရှိနေ
   - Triggering cause ကတော့ FeD ရဲ့ အတိုးနှုံး
      မြှင့်တင်လိုက်မှုကြောင့်လို့ ဆိုတယ်၊

( တတိယအချက်ကို ပညာရှိတွေထောက်ပြခဲ့ပါတယ်
   အမေရိကန်ရဲ့ငွေကြေးဖေါင်းပွမှုကို လျော့ချချင်တာမှာ
   ရေတိုအရ မှန်ကန်ပေမဲ့ ရေရှည်မှာ ထိခိုက်စရာတွေ
   အများကြီးရှိလာတယ်၊ #မြန်မာတွေသတိထားရန် )

............

   #ဒိုမီနိုသက်ရောက်မှု

Wall Street မှာ Panic (ထိတ်ပြာမှု) ဖြစ်တယ်၊
စတော့နဲ့ဘဏ်က #ပန်းနဲ့ခေါင်း သဘောဆိုတော့
ဒိုမီနိုသက်ရောက်မှု ကူးစက်တာခံလိုက်ရတယ်၊

လူတွေ ငွေကိုစုပြုံထုတ်ကြတယ်
ဘဏ်ဖက်က ပေးစရာငွေပြတ်တယ်၊ ဘဏ်ပြိုတယ်
Ed Monya က... ခရစ်ပ်တိုတွေရဲ့ အတက်အကျနဲ့
အဝင်အထွက်က ကြမ်းတယ်၊ ဘဏ်အတိုးနှုံးတွေ
မြင့်လာတယ်၊ အသေးစား ဘဏ်တွေ
ခံနှိုင်ရည် ရှိမှာမဟုတ်ဘူး... လို့ သတိပေးမှုတွေ
ရှိခဲ့ဘူးတယ်၊

ဒီတော့ What's next ဆိုရာမှာ...
အဖြေပေးဖို့တောင် မလိုတော့ဘူးလို့ ထင်တယ်၊
တချို့သတင်းတွေမှာ ဥရောပဘဏ်တွေဆီကို
ကူးစက်နေပြီလို့ သတင်းတချို့တက်လာခဲ့တယ်၊

အမေရိကန်က ကမ္ဘာ့စီးပွားရေးမှာ
အကြီးဆုံးမောင်းနှင်နေသေးတဲ့ အင်ဂျင်ကြီးပဲ
သူပြိုရင်... ကမ္ဘာကြီးကို နာကျင်မှုတွေ
ဖြန့်ကျက်သွားမှာက ဗေဒင်မေးစရာမလိုဘူး၊
အခုဖြစ်ရပ်မှာ ဘယ်ဘဏ်ကြီးတွေ ဆက်ရှင်သန်ပြီး
ဘယ်ဘဏ်အရွယ်အစားတွေအထိ ပြိုလဲမလဲ
အစိုးရရဲ့ ဝင်ရောက်ကူညီမှု စတာတွေက
အဓိက ကျလာပြီ၊

............

   #နိုင်ငံရေးနဲ့ဆက်စပ်တွေးရင်

စီးပွားရေးနဲ့နိုင်ငံရေးက ခွဲမရဆက်စပ်နေတယ်
( ဘမောင်ကျမ်းတခုရေးဘူးတယ်၊ စီးပွားရေး
   အားကောင်းတဲ့အခါ နိုင်ငံရေးကို ပုံဖေါ်သွားတာနဲ့
   နိုင်ငံရေးအားကောင်းတဲ့အခါ စီးပွားရေးကို
   ပုံဖေါ်သွားတာရဲ့ နှိုင်းယှဉ်ချက်၊ ခေတ်သစ်မှာ
   ဘယ်လိုတည်ဆောက်သင့်သလဲ ဆိုတာ )

2021 အလယ်လောက် ယူကရိမ်းစစ်အခြေခံပြီး
2022 အဆုံး၊ ဒါမှမဟုတ် 2023 အစမှာ
Recession ဖြစ်လိမ့်မယ်လို့ ပညာရှင်များစွာက
သတိပေးခဲ့တာကို နိုင်ငံခေါင်းဆောင်တွေက
အလေးမထားခဲ့ဘူး၊ အထူးသဖြင့် ဘိုင်ဒင်ပေါ့၊
မြန်မာတွေလဲ သတိထားနိုင်အောင် မကြာခဏ
ဘမောင်လဲ Recession သတိပေး post တွေ
တင်ပေးခဲ့ပြီးပါပြီ၊

ဘိုင်ဒင်က Recession မဖြစ်နိုင်ပါဘူးလို့
တွင်တွင်ငြင်းတယ်၊ အခု သူ့ကို သွားမေးကြည့်စေ
ချင်တယ်၊

   - ယူကရိမ်းစစ် tempo တက်ချိန်မှာ အမေရိကန်က
      စပြီး ဘဏ်ပြိုလဲတယ်ဆိုတော့...
   - ဘိုင်ဒင်ရော၊ ဒီမျုကရကျတှရေော ရွေးကောက်ပွဲသေပြီ
   - ယူကရိမ်းကို ဘယ်လောက်ပမာဏနဲ့ စစ်ရေး
      ဆက်ပြီးထောက်ပံ့ဦးမလဲ
   - ပမာဏကြီးကြီးနဲ့ ဆက်ထောက်ပံ့နေရင်
      ပြည်သူတွေရဲ့ ဒေါသနဲ့ရင်ဆိုင်ရမယ်

ကူးစက်ခံရမဲ့ ဥရောပလဲ ယူကရိမ်းထက်
ကိုယ့်နိုင်ငံကိုပြန်ကြည့်ရတော့မယ်၊ မဆင်ခြင်ရင်
အစိုးရတွေပြုတ်သွားလိမ့်မယ်၊

#ပူတင်တို့ ကံကောင်းချက်က အဲ့လို

..............

    #မျက်စောင်းထိုးပြီ

Vdo game အဓိက Roblox က SVB မှာ $ 3 B ထားတယ်
သူ့ကိုမထိခိုက်စေပါဘူးလို့တော့ပြောတယ်၊
ထိခိုက်စေပါတယ်လို့ပြောရင် သူ့လုပ်ငန်း
ဗြောင်းဆန်မယ်လေ၊ အသံထုတ်ပြပြီဆိုကထဲက
သိဖို့ကောင်းတာပေါ့၊

Crypto ချေးငှားတဲ့ BlockFi က ပြီးခဲ့တဲ့ Nov ထဲက
ဒေဝါလီခံဖို့လုပ်ထားတယ်၊ SVB မှာ သူ့ငွေ $ 227 mil
ရှိထားတယ်၊

Rocket Lab ကလဲ $ 38 mil.
ဒါတွေက ဖြစ်ဖြစ်ချင်းပေါ်လာတာတွေ
နောက် (၂-၃) ရက်လောက်မှာ ဘယ်ဘဏ်တွေ
ကူးစက်ပြီ၊ ပမာဏ ဘယ်လောက် ဆိုတာတွေ
အများကြီးတက်လာလိမ့်မယ်၊

2023 ဟာ Recession ကို ရှောင်လွှဲလို့မရဘူး ဆိုတဲ့
ပညာရှင်တွေရဲ့ သတိပေးစကားက မှန်သွားခဲ့ပြီ၊
ဒါပေမဲ့ အတ္တကြီးတဲ့ နိုင်ငံရေးသမားတွေက
စကားနားမထောင်ခဲ့ဘူး၊

ကြားက ငထွားဖြစ်တဲ့ ပြည်သူတွေ ခါးကတော့
ဘယ်က နာလိုက်၊ ညာက နာလိုက်ပေါ့၊
အနှေးနဲ့အမြန်
လှိုင်းရင်းနဲ့ လှိုင်းဖြားပဲကွာလိမ့်မယ်
မြန်မာတွေလဲ ပြင်ထားကြစေချင်တယ်။

Recession ဖြစ်လိမ့်မယ်နော် လို့
မကြာခဏ သတိပေးခဲ့တယ်၊ ဖြစ်လာခဲ့ပြီ
လာလိမ့်မယ်နော်လို့ ထပ်သတိပေးလိုက်ပါရစေဦး။

Ba Maung  ( 12.3.23 ) 😅

Post a Comment

Previous Post Next Post