အပစ်အခတ်ရပ်ဆဲရေး_မလိုချင်ဘူး

ယူကရိမ်းစစ် အပစ်အခတ်ရပ်စဲရေးအတွက်
တရုတ်တောင်းဆို (အဆိုပြုမှု) ကို
အမေရိကန်က ပယ်ချလိုက်တယ်၊

အိမ်ဖြူတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ရင်
ရုရှားရဲ့အောင်မြင်မှုကို ပိုမိုတောင့်တင်းအောင်
လုပ်ပေးလိုက်သလိုဖြစ်စေပြီ၊ ကရင်မလင်ကိုလဲ
နောက်ထပ် ထိုးစစ်တခု ပြုလုပ်နိုင်ဖို့ အခွင့်အရေး
ပေးလိုက်သလို ဖြစ်စေတယ်လို့ ပြောပါတယ်၊

( မနေ့က သတင်းမှာ ပူတင်ကို ICC ကနေ
   ဖမ်းဆီးဖို့ ဝရမ်းထုတ်လိုက်တာ တွေ့ရတယ်၊
   ထရမ့်တုန်းကတော့ ICC ကလူတွေ အမေရိကန်ရဲ့
   မြေကိုနင်းတာနဲ့ ပြန်ဖမ်းမယ်လို့ ကြိမ်းလိုက်တာ
   ICC ဖက်က အသံလုံးဝထွက်မလာခဲ့တော့ပါ 😀 )

UK သတင်းတွေမှာ ရုရှားဖက်က ဘယ်လောက်အထိ
ကျဆုံးနေပြီ၊ လက်နက်ခဲယမ်း ဘယ်လောက်အထိ
ပြတ်လပ်နေပြီ.... စသဖြင့် ဝါဒဖြန့်ချီရေးတွေကို
ရေးသားနေပေမဲ့....

လက်တွေ့မှာ အိမ်ဖြူတော် ပြောစကားအရဆိုရင်
ရုရှားကို နောက်ထပ် တိုးချဲ့စစ်တခု မျက်နှာစာသစ်
ဖွင့်မှာကို စိုးရိမ်နေတာ  တွေ့နိုင်ပါလိမ့်မယ်။
( #အဖြေက ဒါပါပဲ )

Ba Maung  (18.3.23 ) ⛱️

Post a Comment

Previous Post Next Post