ရွှေဘိုဘက်မှာ ခရီးသည်တင်မော်တော်ကားကို တပ်မတော်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတာ တကယ်လား

 ရွှေဘိုမြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်းမပေါ်တွင် ခရီသည်ကားအား စကစတပ်ဖွဲ့ဝင်များမှ မိုင်းခွဲတိုက်ခိုက်တယ်ဆိုတဲ့ Khit Thit ရဲ့ သတင်း
************************************
#မတ်လ ၂၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနှင့် ဗီးတောကျေးရွာကြား မန္တလေး-ရွှေဘိုကားလမ်းမပေါ်တွင် အကြမ်းဖက် စစ်သား၊ ပျူစောထီးများက ခရီးသည်တင်ကား တစ်စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ဆရာတော် တစ်ပါးအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုး သမီး ၂ ဦး ဒဏ်ရာရရှိပြီး ၂ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင်  ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

#သတင်းအား စိစစ်ရာတွင် >>> မတ်လ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာနှင့် ဇီးတောကျေးရွာကြားတွင် PDF များမှ ခရီးသည်ကား ၁ စီးအား လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး၊ အပြစ်မဲ့ပြည်သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပြီး ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ PDF တွေရဲ့ အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ မိုင်းဆွဲတိုက်ခိုက်တာကို Khit Thit မှ အရှက်မရှိ ဗြောင်လိမ်ဗြောင်စားလုပ်ကာ အချက်အလက်များကိုလည်း မှားယွင်းစွားဖော်ပြပြီး စကစတပ်ဖွဲ့ဝင်များကို အပုတ်ချ၍ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

#False-News  
#FACT-CHECK
#https://t.me/factcheckmm


 

Post a Comment

Previous Post Next Post