ကမ္ဘာဖျက် ဆိုးရောစ့်၊နဲ့အမေရိကန်အရင်းရှင် ဒီမိုကရေစီ


ယနေ့ပစ်မှတ် အိန္ဒိယ
####
အသက် ၉၂ နှစ်ရှိ အမေရိကန် ဘီလျံနာ ဆိုးရောစ့်ဟာ ကမ္ဘာ့မီဒီယာတွေပေါ်မှာ
တစ်ခါထပ်ပွဲဆူစေခဲ့ပြန်ပါပြီ။
။ ဒီတခါကတော့ အိန္ဒိယကသူရဲ့ပစ်မှတ်ဖြစ်ခဲ့ရပါပြီ။
သူက အိန္ဒိယကို ရှေးဆန်တဲ့ ဟိန္ဒူအမျိုးသားရေးစိတ်ဓါတ်လွှမ်းမိုးနေတဲ့နိုင်ငံလို့စွပ်စွဲပါတယ်။
မိုဒီကိုဦးတည်ထိုးနှက်ရာမှာ တော့မိုဒီဟာ အိန္ဒိယဘီလျံနာ အဒါနီကိုခရိုနီအဖြစ်မွေးပြီးအကျိုးစီးပွားတွေဖလှည်နေတယ်ဆိုပြီးဂျားမဏီနိုင်ငံဟိုင်ဒင်ဘတ်ကဆွေးနွေးပွဲမှာစွပ်စွဲလိုက်တယ်။
မိုဒီနဲ့သူရဲ့ BJP ပါတီကိုတိုက်ရိုက်ထိုးနှက်တဲ့စကားဖြစ်လေတော့ အတော်ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။
အိန္ဒိယရဲ့ဒီမိုကရေစီဟာဆိုးရောစ့်ရဲ့ထိုးနှက်စွက်ဖက်မှုအောက်ရောက်ခဲ့ရပါပြီ။

ပြီးခဲ့သော ၂ လပိုင်း ၁၈ ရက်နေ့မှာတော့
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆိုးရောစ့်ကို အသက်ကြီးပြီး ခေါင်းမာတဲ့၊ ချမ်းသာပြီး အန္တရာယ်ကြီးမားတဲ့ အဘိုးကြီးလို့ ခေါ်ဝေါ်လိုက်တယ်။ အဲ့ဒီလိုပြောဆိုပြီးနောက် အိန္ဒိယ လူအဖွဲ့အစည်းများနှင့် မီဒီယာများက ဆိုးရောစ့်နှင့် သူ၏ Open Society Fund နှင့် ပက်သက်သူများ ၊ ဆက်စပ်ကုမ္ပဏီများကို ဖော်ထုတ်ပြီး ရှုံ့ချပြောဆိုလာကြတယ်။
ဆိုးရောစ့်နဲ့အိန္ဒိယအကြားပြသနာက မွတ်ဆလင်ဘာသာဝင်အချို့နိုင်ငံသားဖြစ်မှုအတွက်အခက်အခဲကြုံနေရတဲ့အပေါ်ကို အိန္ဒိယအစိုးရအပေါ်ဝေဖန်ထိုးနှက်ခဲ့မှုတွေကစတင်ပါတယ်။

နောက်အဖြစ်တစ်ခုကတော့ ဆိုးရောစ့်က အိန္ဒိယရဲ့အကြီးဆုံး လုပ်ငန်းစုတစ်ခု ကို Short Selling(စျေးကျမယ်လို့ခန့်မှန်းထားတဲ့
စတော့ရှယ်ယာတွေကိုချေးယူမယ်၊ ပြီးရင်စျးကွက်မှာပေါက်စျေးနဲ့ပြုံရောင်းမယ်၊ရောင်းချပြီးကုမ္ပဏီအပေါ်ယုံကြည်မှုတွေပျက်ပြား
၊ ရှယ်ယာတန်ဖိုးများ အကြီးအကျယ်ကျဆင်းမှ အောက်စျေးနဲ့ ပြန်ဝယ်ပြီး အမြတ်ထုတ်သည့် ကစားနည်း )လုပ်ခဲ့ရာမှာ
အယ့်ဒီ ကုပဏီကြီးကဒေါ်လာဘီလျံ၁၄၀ တန်ဘိုး​ လျှော့ကျခဲ့ရပါတယ်။
ဆိုးရော့စ်ကတော့ဒီစျေးကစားမှုပေါ်ကနေဒေါ်လာ၉ဘီလျံမြတ်စွန်းခဲ့ပါတယ်။
အခြားရှယ်ယာရှင်တွေရဲ့ဘီလျံ၁၄၀ကိုချနင်းပြီးကိုယ်ကျိုးစီးပွား၉ဘီလျံရယူတယ်ဆိုတဲ့ဆိုးရော့စ်ရဲ့စိတ်သဘောထားကဘယ်အထိနိမ့်ပါးသလည်းဆိုတာပြောစရာတောင်လိုမယ်မဟုတ်ပါဘူး။

ဒီလုပ်ရပ်အပေါ်ပစ်တင်ဝေဖန်မှုတွေမြင့်မားလာချိန်မှာ ဒီထဲမှာဝန်ကြီးချုပ်မိုဒီလည်းပါတယ်လို့ဆွဲထည့်သေဖော်ညှိပြန်တယ်။
ဒီလုပ်ရပ်အထိလုပ်လာတော့ဘယ်လိုမှသီးခံလက်ခံနိုင်စရာမရှိတော့လို့
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပေါက်ကွဲခဲ့တာပါ။
တကယ်တော့
ဆိုးရော့စ်ဆိုတာကဘယ်လို၊မိုဒီကဘယ်လိုဆိုတာ
ပြဒါးတစ်လမ်းသံတစ်လမ်း၊လုပ်ရပ်တွေကသက်သေခံပြီးသားပါ။

အမှန်တကယ်က တကမ္ဘာလုံးကစီးပွားရေးလုပ်ငန်းတွေကို နာမည်ပျက်ပြိုလဲစေတဲ့ Short Selling နည်းလမ်းဖြင့် သူများနိုင်ငံဒုက္ခရောက်မရောက်ကို ဂရုမစိုက်ပဲ သူ့လုပ်ငန်းအမြတ်ရှာတဲ့လုပ်ရပ်တွေနဲ့
ဒီမသမာစီးပွားကရတဲ့ငွေတွေနဲ့ ရောင်စုံတော်လှန်ရေး အကြမ်းဖက်လုပ်ငန်း ကို အထောက်ကူပြု နေတဲ့သူ့ရဲ့ စီးပွားရေး ယန္တရားကနဲနဲအံသြစရာလိုပါဘဲ။
####
ဆိုးရော့စ်ဆိုတာ
####
သူ့ကို ၁၉၃၀ ခုနှစ် ဟန်ဂေရီမြို့တော်ရှိ ဂျူးလူမျိုးမိသားစုမှ မွေးဖွားခဲ့ပါတယ် ။
၁၉၅၃ ခုနှစ်မှစပြီး ငွေကြေးပွဲစားဘဝနှင့် စပြီးလုပ်ကိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကနေစပြီး ကုမ္ပဏီ၏ သေရေးရှင်ရေး ၊ နိုင်ငံတခု၏ သေရေးရှင်ရေးကို ဂရုမစိုက်ပဲ သူ့ငွေကြေး၏ ကြီးထွားမှုကိုသာ အာရုံစိုက်သည့် အရင်းရှင်စစ်စစ်ဘဝ စတင်ခဲ့ပါတယ်။

သူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင်၊
၁၉၉၂ ခုနှစ် ၊ အင်္ဂလန် ဘဏ်လုပ်ငန်းစုကို ဒုက္ခပေးခဲ့တဲ့စျေးကွက့်ကစားမှု
ဟာ Black Wednesday လို့သမိုင်းဝင်ခဲ့တယ်။

ရှိသင့်တဲ့တန်ဘိုးထက်မြင့်နေတယ်ထင်တဲ့ ပေါင်စတာလင် ငွေတွေကိုချေးယူပြီး ဖောရက်စျေးကွက်မှာရှိသင့်တဲ့တန်ဘိုးထက်နိမ့်နေတယ်ထင်တဲ့ ဂျာမန်မတ်ငွေတွေပြန်ဝယ်ပစ်လိုက်တယ်။

ပေါင်စတာလင်တန်ဘိုးတွေထိုးကျ အဂ်လန်မှာငွေကျေးတွေဖောင်းပွဖြစ်ကုန်ရာကနေ ပေါင်ငွေကျေးဟာ ERM European Exchange Rates Mechanism ကနေအပြင်ရောက်သွားရတဲ့အထိဖြစ်ခဲ့ရတာယနေ့အထိနာလံမထူတော့ပါဘူး။
ဒီလုပ်ရပ်အတွက်ဆိုးရောစ် ဒေါ်လာသန်း၆၅၀မြတ်ပါသတဲ့၊
ဗြိတိန်တနိုင်လုံးရဲ့စီးပွားကိုဖြိုလှဲပြီး ဒီငွေကိုရယူခဲ့တာကိုကြည့်ရင်သူဘယ်လိုလူမျိုးလဲသဘောပေါက်လောက်ပါပြီ။

၁၉၉၇ တွင် ထိုင်း ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် နဲ့မလေးရှားတို့ကိုစီးပွားပျက်ကပ်ထည်းပို့ပေးခဲ့တဲ့ Capita Flight ဇယားမှာ
  သူ့လုပ်ငန်းစုက ဒေါ်လာ ဘီလျံဆယ်ချီအမြတ်ထုတ်ခဲ့တယ်။
(ဒီလုပ်ရပ်ဟာ နီယိုလစ်လရယ်လှိုင်းကြီးတစ်ခုလုံးကပြောင်းကပြန်တွေဖြစ်ကုန်တဲ့အထိတန်ပြန်သက်ရောက်မှုတွေရှိကုန်တာကိုတော့နောက်ပိုစ့်တွေမှာဆက်နင်ပြပါမယ်၊)

၁၉၉၇ တိုက်ပွဲထဲတွင် ဟောင်ကောင်ကိုပါဖြိုလှဲ ဘို့လုပ်ပေမယ့်
တရုတ်အစိုးရကဝင်ရပ်တည်ပေးလိုက်တော့ ဟောင်ကောင်စျေးကွက်မပြိုလဲဘဲ သူသာ ဒေါ်လာ ၄ ဘီလျံ ဆုံးရှုုံးခဲ့ရတယ် ။

ဒီအချိန်ကစပြီး ဟောင်ကောင်ကို အကူအညီပေးလိုက်တဲ့တရုတ်အစိုးရကို မုန်းတီးသည့် စိတ် ကိန်းအောင်းခဲ့တယ် ။
တရုတ်ဟာ သူ့ Open Society Foundation ရဲ့ပစ်မှတ်ဖြစ်လာတယ်။

၂၀၁၂ မှာတစ်ခါ ဂျပန် ယန်း ကို ပစ်မှတ်ထား Short Selling လုပ်ခဲ့ပြန်တာမှာ ၃ လအတွင်း ဒေါ်လာ ၁ ဘီလျံ ရရှိခဲ့တယ် ။
၂၀၁၃ ခုနှစ်မှာလည်း စတာလင်ပေါင် နှင့် ဩစတြေးလျ ဒေါ်လာကို အောင်မြင်စွာ တိုက်ခိုက်ပြန်တယ် ။
၂၀၁၆ ခုနှစ် ဒှိုက်ချ်ဘဏ်ကိုတိုက်ရင်းနဲ့ အီးယူအုပ်စုကို ဒုက္ခပေးပြန်တယ် ဒီကနေစပြီး အီးယူတခုလုံးကို Short Selling အောင်မြင်အောင်လုပ်ခဲ့လို့ အီးယူက အမေရိကန်နဲ့ ပြိုင်ဆိုင်နိုင်စွမ်းလုံးဝမရှိတဲ့အဆင့် ရောက်ရှိခဲ့ရပြန်တယ် ။
သူမတိုက်တာ အမေရိကန်နဲ့ အစ္စရေး၂နိုင်ငံသာရှိပါတယ်၊
ဒါဆိုသူ့ဇယားကဘာဆိုတာရှင်းပြီထင်ပါတယ်။

####
စတော့စျေးကွက်နဲ့ ဆိုးရောစ့် နိုင်ငံရေးဘောဂဗေဒ
####
ဆိုးရော့စ်ရဲ့စီးပွားရေးဟာ အခြေခံအားဖြင့်
PE (Private Equity) လို့ခေါ်တဲ့ အလားအလာကောင်းစီးပွားရေးတွေရဲ့ ၃၀%လောက်ကိုဝယ်ယူ-မြှင့်တင်-ပြန်ရောင်း တဲ့မူလပိုင်ရှင်ရော PE သမားပါအကျိုးများစေမယ့် ရှယ်ယာဝယ်ယူ တန်ဘိုးတက်အောင်လုပ်ပေးပြီးပြန်ရောင်းထုပ်သွားတယ့်လုပ်ငန်းပါ။
သို့သော်ပိုမိုကျယ်ပြောတဲ့မြင်ကွင်းမှာတော့
ဒီလို Private Equity သမားတွေ စိတ်ကြိုက်ဝင်ဝယ်၊ လုပ်ငန်းတွေကိုစိတ်ကြိုက်ပြုပြင်ပြောင်းလဲ၊ စတော့စျေးကွက်ကိုစိတ်ကြိုက်ပြန်တင်ရောင်းချပြီးစိတ်ကြိုက်ပြန်ငွေတွေဆွဲထုပ်သွားနိုင်စေဘို့အတွက်
သက်ဆိုင်ရာနိုင်ငံတွေရဲ့ငွေကြေးစံနစ်ဆိုင်ရာမူဝါဒကိုင်တွယ်တဲ့ဗဟိုဘဏ်တွေက ငွေကြေးစီးဝင်စီးထွက်မှုတွေကိုထိမ်းချုပ်မှုမထားဘဲဝင်စေထွက်စေနိုင်တဲ့ Capital Account Liberalization လုပ်ပေးရပါတယ်။
စီးပွားရေးလက်တံတွေလွပ်လပ်စွာ ပြုပြင်ပြောင်းလဲဘို့ လုပ်ထုံးလုပ်နည်းစည်းမျည်းတွေဖြေလျှော့ ဖွင့်ထုပ်ပေးတဲ့ Investment Climate Liberalization လုပ်ပေးရတယ်။
တစ်ခါစတော့တွေကိုစိတ်ကြိုက်ဝင်ဝယ်ဝင်ရောင်းနိုင်ကြတဲ့နိုင်ကြလေအောင် ကမ္ဘာ့စံနှုံးတွေနဲ့အညီမြှင့်တင်ပေးရင်း စိတ်ကြိုက်ဝယ်စေရောင်းစေကန့်သတ်ချက်မထားတဲ့( Stock ) Market  Liberalization လုပ်ပေးရတယ်။
ဒီ Liberalization မျိုးစုံလက်တွေ့ဖြစ်လာဘို့က အမေရိကန်ရဲ့လက်တန်တွေဖြစ်တဲ့ World Bank,  IMF တို့က အထူးသက်သာ ချေးငွေ Soft Loans တွေနဲ့ချူတယ်၊ ဖွံဖြိုးတိုးတက်ရေးဗန်းပြပြီး အစိုးရတွေဝန်ကြီးဌာနတွေကိုအယုံသွင်း သူတို့ ပုံဖော်မှုတွေရဲ့ အသုံးတော်ခံဖြစ်ကြစေတယ်။
တခွင်တပြင်လုံးမြင်နိုင်စွမ်းမရှိတဲ့ အစိုးရအဖွဲ့ဝင်တွေဌာနတာဝန်ခံတွေဟာ သူတို့ရဲ့ နီယိုလစ်ဘရယ် နိုင်ငံကိုစိုးမိုးချုပ်ကိုင်ရေး ပုံဖော်မှု ယန္တရားအတွက် အသိမဲ့ နဲ့ မသိသားဆိုးဝါးစွာ ဝင်အသုံးတော်ခံမိကုန်တယ်။
####
အရင်းရှင်စံနစ်ဆိုတာ
####
အရင်းရှင်စံနစ် ဟာငွေကြေးအမြတ်အစွန်းကလွဲပြီးတခြားဘာမှမကြည့်ဘူးဆိုတာလူတိုင်းသိကြတယ်။
သို့သော် အမေရိကန်အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ပုံဖော်မှု မြေပြင်မှာ
ပုံဖော်နေတာက အမေရိကန်ချုပ်ကိုင်ထားတဲ့ ကမ္ဘာ့ဘဏ် World Bank နဲ့ IMF ဆိုတာကိုရှင်းရှင်းလင်းလင်းမသိကြဘူး။
ကမ္ဘာလုံးဆိုင်ရာ  Economic Liberalization ဟာ အမေရိကန်နဲ့အနောက်အုပ်စုထိမ်းချုပ်တဲ့ စီးပွားရေး ယန္တရားအောက်ကို အားလုံးဝင်ရောက်စေတဲ့ Neoliberal ပုံဖော်မှုကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာလောက်အထိသိမြင်ကြဖို့ကတော့နဲနဲဝေးသွားပြီ။
ဒီတော့ပုံဖော်မှုအဝဝဟာ အမေရိကန်လိုလားရင်လိုလားသလိုကြိုက်ရင်ကြိုက်သလိုမကြိုက်ရင်မကြိုက်သလို ဆွဲတင်၊ဆွဲချ သူကောင်းပြု၊နှိပ်ကွပ်
ခံကြရမယ့် ခေတ်သစ် ကိုလိုနီကျွန်ပြု  Neo-colonealism ဇယားဆိုတာသိမြင်သူတော့ရှားသွားပြီ
####
ကြောင်ကြာကြာရေမငုတ်/ကျောချမှာဓါးပြမှန်းသိ
####
အရင်းရှင်စံနစ်ရဲ့ဒုတိယသဘာဝတစ်ခုက စီးပွားပျက်ကပ် တွေကာလင်ဒါကျ စဥ်ဆက်ဖြစ်ပေါ်တတ်တာ၊
Market Imperfection စျေးကွက်ကိုပုံအပ်တဲ့စီးပွားရေးစံနစ်ကိုစျေးကွက်ရဲ့ အားနဲချက်တွေကပြန် ဒုက္ခပေးတာတွေစုလာချိန်မှာ ပြိုဆင်းကုန်တတ်တဲ့ သံသရာပါ။
ဒီလိုဖြစ်လာချိန်တွေမှာ ကားပွဲစားလက်ထဲကားအပ်ထားမိတဲ့ကားဝယ်ရောင်း(ဖား)တွေလိုပါဘဲ စီးပွားပျက်ကပ်ရဲ့ဒါဏ်ကို ဘဝေတွပုံအပ်ထားကြတဲ့နိုင်ငံငယ်တွေဆီပုံချတယ်၊ စိတ်ကြိုက်ကိုင်တွယ်ကြိုးကိုင်ခွင့်ယူထားကြတဲ့ နိုင်ငံတစ်ကာ ကုပဏီကြီးများကကိုယ်လွတ်ရုံးကုန်တယ်။
ဖားတွေကိုရ်ုက်စားကြတယ်။
ဒီလိုနဲ့ ၁၉၉၇ စီးပွားပျက်ကပ် ၂၀၀၈ စီးပွားပျက်ကပ်တွေမှာ MNE Multinational Enterprises တွေကိုအားပြုစီးပွားထူထောင်ကြတဲ့
ထိုင်းမလေးရှာအင်ဒိုနီးရှားတို့အလူးအလဲခံလိုက်ရတယ်။
စီးပွားပျက်ကပ်မဆိုက်ဘဲ ပိုအကျိုးအမြတ်များတဲ့ရပ်ဝန်သစ်တွေပေါ်လာရင်လည်း ထဲ့ထားတဲ့ အရင်းအနှီးတွေကိုစိတ်ကြိုက်ဆွဲထုပ်သွားတဲ့ Capital Flight ဖြစ်ကုန်ပြီး နိုင်ငံ့စီးပွားရေးတွေ ဟောင်းလောင်းဖြစ်ကုန်ပြန်တယ်။
ဒီတော့ Capital Account Liberalization အပါအဝင် Liberalization တွေဟာ သတိထားလုပ်ရမှာပါလားဆိုတာ သိလာကြတယ်။
မသိကြတဲ့သူတွေကလည်းမသိကြသေးသလို လိပ်ပါတ်မလည်သူကခပ်များများပါ။

####
ဆိုးရောစ့်ရဲ့အတွင်းသရုပ်
####
ဆိုးရော့စ်ကို စတော့အိတ်ချိန်းလောကရဲ့ဘီလူးသဘက်ကြီးလိုမြင်
နေကြပြီဖြစ်ပေမယ့်
အမေရိကန်ဒီမိုကရက်တစ်ပါတီရဲ့ကြိုးကိုင်ရှင်ခေါင်းကိုင်ဖခင်ဖြစ်တယ်ဆိုတာသိသူမများလှပါဘူး။
လက်ရှိ ဘိုင်ဒင် နန်စီပလိုစီဆိုတာတွေကရှေ့ထွ့က်ကစားတဲ့ပလေယာနွေသာဖြစ်ကြပြီးနောက်ကပွဲထိမ်းသူ Gamer ကဆိုးရောစ့်ရယ်သာ။
တကမ္ဘာလုံးအမေရိကန်လက်အောက်မှာကျိုးနွံရေး၊အနောက်တိုင်းယဥ်ကျေးမှုအောက်ကတစ်လုံးတစ်စည်းထဲသော ကမ္ဘာဖြစ်တည်ရေးအိပ်မက်ကနေဘယ်တော့မှမနိုးထသူ၊ မျိုးဆက်သစ်တွေကိုလက်ကမ်းမယ့်သူ
ရင်သား
သူ့လိုလားချက်အတွက် အမေရိကန်အတွက် လိုင်းဝင်တဲ့ အစိုးရအဖွဲ့  ရွေးချယ်တင်မြှောက်ခံရလျှင် သူတို့လိုအပ်သည့် ဒီမိုကရေစီဖြစ်ခဲ့လျှင် တော့
စစ်မှန်သောဒီမိုကရေစီဟုဆိုကာ  ထောက်ပံ့ပေးတယ် ။ သူတို့လိုလားတဲ့ အစိုးရအဖွဲ့ ရွေးချယ်တင်မြှောက်မခံရရင်တော့ ဒီမိုကရေစီအတုဖြစ်သွား ပြီးသတ်မှတ်ပြီး ဆန့်ကျင်ဘက် အုပ်စုကို ထောက်ပံ့မယ်။
တစ်ခုထည်းသောစံနှုံးက သူတို့ရဲ့လိုလားချက်ပါဘဲ။
####
Open Society ဆိုတာ
####
  သူရဲ့ Open Society သုတေသီအဖွဲ့နှင့် သူ၏ ဖောင်ဒေရှင်းကဘတ်ဂျက် ဒေါ်လာ ဘီလျံ ချီသုံးစွဲခဲ့ပါတယ် ။
သူ၏ ရုံးခွဲ တွေ နိုင်ငံပေါင်း ၆၀ လောက်အထိရှိတယ် ။ တောင်အာဖရိက နဲ့ အနောက်တောင် အာဖရိကတွင် အစောဆုံး တည်ထောင်ခဲ့တယ် ။ ထိနောက် ရုရှားနှင့် ယူကရိန်း အစရှိတဲ့ အရှေ့ဥရောပနိုင်ငံများ ၊ အာရှအလယ်ပိုင်း ၊ အရှေ့တောင်အာရှ အစရှိသည့် တရုတ်ကို ပတ်ထားသည့် နိုင်ငံများ
တွေမှာတည်ထောင်ခဲ့တယ်။ တရုတ်၏ အထူးအုပ်ချုပ်ခွင့်ဒေသဟောင်ကောင်တွင်လည်း တည်ထောင်ခဲ့တယ် ။ ရောင်စုံတော်လှန်ရေးများကို ထောက်ပံ့ပေးနေတယ် ။
####
ဆိုးရော့စ်အောင်မြင်သလား?
####

သူ့ ရဲ့ကျိုးပန်းမှုေတွကိုယခုအချိန်မှာ သမိုင်းရှုထောင့်နှင့် ပြန်လေ့လာမယ်ဆိုရင် စစ်အေးကိုအောင်နိုင် အရှေ့အုပ်စုပြိုလဲ၊ ကွန်မြူနစ်စံနစ်ဟောင်းကျဆုံးခဲ့ချိန်မှာအထွဒ်အထိပ်ရောက်ခဲ့ပါတယ်။
စစ်အေးလွန် နီယိုလစ်ဘရယ်လှိုင်းကြွံတဲ့ဒါဏ်ကိုတော့
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာဟိုမရောက်ဒီမရောက် နိုင်ငံရေးအထိုင်မကျတည်ညိမ်မှုဆုံးယှုံး
ဒုက္ခရောက်နေတဲ့နိုင်ငံများစွာကိုသာ တွေ့မြင်နိုင်နေတယ် ။
တကယ် ပြန်လည်သုံးသပ်သင့်သော စိတ်ဝင်စားဖွယ်ကောင်းသည့် ကိစ္စပါပဲ ။
ယနေ့ ကမ္ဘာ ဟာဆိုးရော့လိုလားတဲ့ အမေရိကန် တကိုယ်တော် ကမ္ဘာ Unipolar World ကနေဖယ်ခွာပြီး Multi-polar World အင်အားပြိုင် ကမ္ဘာ ပုံစံဖက်ကို ပိုနီးကပ်လာနေတယ်။
နီယိုလစ်ဘရယ်အလွန်အကျွံ မျှော်လင့်မှုတွေဟာ အမေရိကန်နဲ့အနောက်အုပ်စုကို ထမင်းလုံး တဆေချောက်နေတယ်။
တရုတ်နဲ့ရပ်ရှားရဲ့ဦးဆောင်မှုကို
ရှိတဲ့အားနဲ့ဆက်ရုံးနေတယ်။
ရရာ လက်နက်နဲ့ တိုက်နေတယ်၊ ခြေသလုံးဖက်ကိုက်တဲ့အကွက်တွေပိုများလာတယ်။ နိုင်ရာကိုမဲလာတယ်၊
မြန်မာအထူးသတိထားရမယ်။
####
မြန်မာနဲ့ဆိုးရောစ့်
####

အထူးသဖြင့် ၁၉၉၄ ခုနှစ်မှစပြီး မြန်မာနိုင်ငံထဲ လှုပ်ရှားနေတဲ့ ဆိုးရောစ့်ဖောင်ဒေးရှင်းအကြောင်း သတိထားသင့်တယ်။
ဒီအဖွဲ့၏ ဝဘ်ဆိုဒ်မှာတော့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီအတွက် ၊ လူအခွင့်အရေးအတွက် ၊ အမှန်တရားအတွက်  ထောက်ပံ့ငွေပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဆိုပေမယ့် တကယ်တမ်းမှာတော့ သူ အမြဲအဆိုးမြင်သော မုန်းတီးသော ၊ အမေရိကန်နိုင်ငံ အကျိုးစီးပွားအတွက် ဆင်နွှဲနေသော ၊ တရုတ် ဆန့်ကျင်ရေးတွေ ပုံေဖာ်နေသော
နီယ်ုလစ်ဘရယ် ညိမ်းခါနီးမီးတောက်ပါပဲ ။

ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး မြစ်ဆုံဆန့်ကျင်ရေးကိစ္စ ၊ လက်ပံတောင်းတောင် စီမံကိန်းဆန့်ကျင်ရေးကိစ္စအတွက် ငွေကြေးမြောက်မြားစွာ သုံးခဲ့တယ် ။ အယ့်ဒီအချိန်ကစပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားသော အဖွဲ့အစည်း နှင့် မီဒီယာများ များပြားလာတာသတိပြုမိကြပါလိမ့်မယ်။

သူနဲ့ အမေရိကန် NEDအဖွဲ့ရဲ့ ငွေကြေးဖြင့် ပညာသင်ထောက်ပံ့ကြေးများပေးပြီး လူငယ်များစွာကို သူတို့နိုင်ငံသို့ခေါ် ပြီး နိုင်ငံရေးပညာများ သင်ကြားပေးခဲ့ပါတယ် ။
တချိန်တည်းမှာပဲ ပြည်တွင်း၌ သင်တန်းကျောင်းများစွာ ထူထောင်ပြီး လူငယ်များကို သူတို့လိုချင်သည့်အတွေးအခေါ်များ သင်ကြားပေးနေတယ်။
အစွန်းရောက်လွတ်လပ်ရေးဝါဒ ၊ အစွန်းရောက်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒ ၊ အစွန်းရောက် မျှတရေးဝါဒ စသဖြင့် ကိုယ့်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ပေးနိင်သည့် အတွေးအခေါ်မျိုးမွေးမြူပေး
နေတာ ဒီအဖွဲ့အစည်းပါဘဲ။
၂၀၁၅ ရွေးကောက်ပွဲကာလတခုတည်း မှာတင်အင်န်ဂျီအိုအဖွဲ့အစည်း ၅၀ ကို ပေးသော ထောက်ပံ့ငွေကြေးသည် ဒေါ်လာ ၅၇ မီလီလျံရှိတယ်လို့သိရတယ်။
  မြန်မာ့အစိုးရအဖွဲ့အစည်းအထိလည်းရသလောက် ချယ်လှယ်ခဲ့ပါတယ် ။ လုံခြုံရေးအကြံပေးနှင့် နိုင်ငံတကာစီးပွားဆက်ဆံရေး ဝန်ကြီး ဦးသောင်းထွန်း(သူ၏တပည့်ဟောင်း)ကို ရာထူးပေးဘို့ သမ္မတကြီးဦးသိန်းစိန်လက်ထက်ကထဲကတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
NLD အစိုးရလက်ထက်မှာတော့ တကယ်ကိုသူတောင်းဆိုတာတွေဖြစ်လာခဲ့တယ်။

ယခု ကျွန်တော်တို့နိုင်ငံဖြစ်နေတဲ့
Chaotic အခြေအနေမျိုးက မစ္စတာဆိုးရောစ့်ရဲ့ ကြိုတင် ဇယားချထားတဲ့အခြေအနေထဲကတစ်ခုပါ။
သူတို့တင်မြှောက်တဲ့အစိုးရအာဏာမရရင်၊
တရုတ်အပါအဝင်ဘယ်သူမှချေချမရလောက်အောင်တည်ညိမ်လုံခြုံမှုကင်းမဲ့ ပြီး မစားရတဲ့အမဲသဲနဲ့ပက်တဲ့အဆင့်ကိုရောက်နေပါတယ်။

ရက်စက်စွာ စီးပွားရှာသူတယောက်ကနေ စေတနာနဲ့ ကျွန်တော်တို့နိုင်ငံကို လာကူညီတာမဟုတ်ပါ ။ မြန်မာကို ကျဆုံးနိုင်ငံအဖြစ် ပုံသွင်းပြီး ၊ တရုတ်ကို ဒုက္ခပေးချင်တာ သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါလိမ့်မယ်။

ရုရှားမှာသူနှင့် သူအဖွဲ့အစည်းကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာခဲ့သလို၊သူရဲ့ အမိနိုင်ငံ အမေရိကန်မှာလည်း သိန်းနဲ့ချီသောပြည်သူများက လက်မှတ်ထိုးပြီး အမေရိကန်အစိုးရ ဝဘ်ဆိုဒ်မှာ သူ့ကို ဆန္ဒပြခဲ့တယ်။
အမေရိကန်ပြည်တွင်း လိမ်လည်မှုအဖွဲ့အစည်းဆန့်ကျင်ရေးဥပဒေ RICO နှင့် နိုင်ငံတော်ကာကွယ်ရေး ဥပဒေ NDAA အရ ဆိုးရောစ့်ကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး ပိုင်ဆိုင်မှုသိမ်းဆည်းရန် ဆန္ဒပြခဲ့သည် ။
သူရဲ့အစွန်းရောက်မှုတွေက အမေရိကန်ရဲ့ထိခိုက်ကျဆုံးမှုတွေဖြစ်စေခဲ့တယ်။
အိန္ဒိယလိုဒီမိုကရေစီနိုင်ငံကြီးနဲ့တောင် ဆက်ဆံရေးမှာအဖုအထစ်ဖြစ်စေလာတယ်။
သူပြည်သူတွေကပါသီးမခံနိုင်ကြတော့ဘူး။

မြန်မာတွေသူ့ကိုသတိထားစောင့်ကြည့်ရပါလိမ့်မယ်။မြန်မာလူထု ……. သူ့နောက်လိုက်လုပ်ကြမလား? ၊ သူ့ကိုဆန့်ကျင်ရှုံ့ချကြမလား  ?ဒီရွေးချယ်မှုက မြန်မာ့အနာဂါတ်ဖြစ်လာပါလိမ့်မယ်။

Crd:မောင်ကောင်းရိပ်

Post a Comment

Previous Post Next Post