နန်းကျ အမေရိကန်




ကုန်ထုတ်လုပ်မှု အားမကောင်းတဲ့အတွက်
ငွေကြေးဖောင်းပွမှုနဲ့ရင်ဆိုင်နေရတယ်။
ငွေကြေးဖောင်းပွမှု ၇.၁၁% ရှိတယ်။

ကြွေးမြီပြဿနာနဲ့ရင်ဆိုင်နေရတယ်။
အမေရိကန်ရဲ့ အကြွေးဟာ ၃၁ ထရီလီယံရှိတယ်။

အရင်က ရေနံရောင်းဝယ်ရင် ဒေါ်လာနဲ့ပဲရောင်းဝယ်
ကြတယ်။
ဒါကြောင့် ဒေါ်လာဟာတန်ဘိုးရှိခဲ့တယ်။

ရုရှားနဲ့ယူကရိန်းစစ်ပွဲဖြစ်တဲ့အချိန်ကစပြီး
ရုရှားဟာ သူ့ရဲ့ ရေနံကို ဒေါ်လာနဲ့မရောင်းဘဲ ရူဘယ်လ်
နဲ့ပဲရောင်းတော့တယ်။

ဆော်ဒီကလည်း သူ့ရဲ့ ရေနံကို တရုတ်ကိုရောင်းတော့
ဒေါ်လာနဲ့မရောင်းပဲ တရုတ်ယွမ်ငွေနဲ့ပဲ ရောင်းတော့တယ်။

တရုတ်ဦးဆောင်တဲ့ BRICS အဖွဲ့ရဲ့ ဒေါ်လာတော်လှန်ရေး
ကြောင့်  အမေရိကန်ဒေါ်လာငွေရဲ့ တန်ဖိုးဟာ ကျဆင်း
သွားခဲ့ပြီ။

ပြောချင်တာက
ကုန်ထုတ်လုပ်မှုကျဆင်းခြင်း၊ကြွေးမြီများခြင်း၊ငွေကြေး
ဖောင်းပွခြင်းနဲ့ဒေါ်လာတန်ဘိုးကျဆင်းခြင်းများကြောင့်
အမေရိကန်ရဲ့ စီးပွားရေးစနစ်ဟာ ပျက်စီးယိုယွင်းလာပြီ
လို့ ဆိုရမယ်။

အဲ့ဒီအပြင်
ရုရှား-ယူကရိန်းစစ်ပွဲနွံထဲမှာ အမေရိကန်ဦးဆောင်တဲ့
NATO အဖွဲ့ဟာ တဖြည်းဖြည်းနဲ့ ကျွံဝင်သွားပြီ။ပြန်နှုတ်
လို့မရေတာ့ဘူး။

တတိယကမ္ဘာစစ်ကို ဦးတည်နေပြီ။

ပူတင်ဟာ အမေရိကန်ကို အရှုံးပေးမှာ မဟုတ်ဘူး ။
ပူတင်ရဲ့နောက်ဆုံးတိုက်ကွက်ဟာ နျူကလီးယားလက်
နက်ပဲဖြစ်တယ်။

အမေရိကန်ဟာ စစ်ရေးမှာလည်း အရှုံးနဲ့ရင်ဆိုင်ရတော့
မယ်။

အဆိုးဆုံးကေတာ့

အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ပြိုကွဲခြင်းဖြစ်တယ်။

ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ တိုက်ပွဲဟာပြင်းထန်
လာတယ်။

ဘိုင်ဒင်ဦးဆောင်တဲ့ ဒီမိုကရက်တွေဟာ အာဏာကိုဆက်
လက်ဆုပ်ကိုင်ထားချင်တယ်။

ထရန့်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန်တွေကို အာဏာမလွှဲ
ပေးချင်ဘူး။

ဒါကြောင့် ရွေးကောက်ပွဲနီးတဲ့အချိန်မှာ ထရန့်နေထိုင်တဲ့
မာလာဂိုက နေအိမ်ကို FBI ကဝင်ရှာခဲ့တယ်။

နျူကလီးယားနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်း
တွေကိုတွေ့လို့ တရားရုံးမှာ တရားစွဲခဲ့တယ်။

ပြစ်မှုထင်ရှားရင် ထရန့်အနေနဲ့ ထောင်အနှစ် ၄၀ လောက်
ကျနိုင်တယ်လို့ဆိုတယ်။

ဒီမိုကရက်တွေအနေနဲ့ အာဏာရဘို့အတွက် ပြိုင်ဘက်ကို
အသေသတ်တဲ့ လမ်းစဉ်ကို ကျင့်သုံးခဲ့တာပဲဖြစ်တယ်။

ဒါပေမဲ့
ဒီမိုကရက်တွေ ကံဆိုးချင်တော့ မနေ့တစ်နေ့က ဘိုင်ဒင်ရဲ့
နေအိမ်ကနေ ယူကရိန်း၊အီရန်၊ UK တို့နဲ့ပတ်သက်တဲ့
ထောက်လှမ်းရေးအစီရင်ခံစာတွေကိုတွေ့တယ်လို့ ဆို
တယ်။

ဒါဆိုရင် ထရန့်လိုပဲ ဘိုင်ဒန်လည်း တရားစွဲခံရမယ်။

အမေရိကန်နိုင်ငံသားတွေလည်း စည်းလုံးညီညွတ်မှုပျက်
သွားပြီ။

ပြောချင်တာက

အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း၊အထူး
သဖြင့်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးတဲ့နောက်
ပိုင်းမှာ စစ်ရေးအင်အား ၊စီးပွားရေးအင်အားအကြီးမား
ဆုံးဖြစ်လာပြီး ကမ္ဘာနိုင်ငံအသီးသီးရဲ့ အရေးအရာတွေ
မှာဝင်ရောက်စွတ်ဖက်ဆုံးဖြတ်လာတယ်။

ကုလသမဂ္ဂက လိုအပ်တဲ့ ရန်ပုံငွေကို ထောက်ပံ့ပေးပြီး
UN ကို အသုံးချလို့ လစ်ဗျား၊ဆီးရီးယား၊အီရတ်နဲ့အာဖဂန်
နိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်တယ်။

အဲ့ဒီနိုင်ငံက သဘာဝသယံဇာတတွေကို မတရားတဲ့နည်း
နဲ့ အနိုင်ကျင့်သိမ်းယူတယ်။

သူ့ကြိုးဆွဲရာကမဲ့ အစိုးရကို နန်းတင်ပေးပြီး သူ့ကိုဆန့်
ကျင်တဲ့ အစိုးရကိုဖြုတ်ချတယ်။

ဥပမာအားဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်ပါ။

သူကြိုးဆွဲရာမကတဲ့ ဦးသိန်းစိန်အစိုးရကို မဲရှုံးအောင်လုပ်
ပြီး သူကြိုးဆွဲရာကမဲ့ DASSK ကို နန်းတင်ပေးခဲ့တယ်။

DASSK လက်ထက်မှာ တိုင်းပြည်၊လူမျိုး၊ဘာသာသာသ
နာ ပြိုကွဲအောင် နည်းမျိုးစုံနဲ့ဆောင်ရွက်ခဲ့တယ်။

ပထမ ၅ နှစ်သက်တမ်းကုန်လို့ ဒုတိယ ၅ နှစ်သက်တမ်း
အာဏာဆက်ရအောင် အမေရိကန်က NLD ပါတီကို အကူ
အညီပေးခဲ့တယ်။

DASSK သာ အာဏာဆက်ရသွားရင် တိုင်းပြည်၊လူမျိုး၊
ဘာသာသာသနာရဲ့ အခြေအနေဟာ.မခန့်မှန်းနိုင်လောက်
အောင် ဂျောက်ထဲရောက်တော့မယ်။

ဒီအခြေအနေကို မြင်တဲ့အတွက် တပ်မတော်က အာဏာ
ထိန်းခဲ့တယ်။

လက်ရှိအခြေအနေကိုတော့ စာဖတ်သူတို့တွေ့ကြုံရင်ဆိုင်
နေရလို့ ရေးပြစရာမလိုတော့ပါဘူး။

အဓိကပြောချင်တာက

ကျွန်တော်တို့ နိုင်ငံစီးပွားပျက်အောင် အမေရိကန်က
လုပ်ခဲ့တယ်။

အခု အမေရိကန်လည်း စီးပွားပျက်တော့မယ်။

ကျွန်တော်တို့ ပြည်သူတွေ စစ်ဘေးစစ်ဒဏ်သင့်အောင်
အမေရိကန်က လုပ်ခဲ့တယ်။

အခု အမေရိကန်ပြည်သူတွေလည်း စစ်ဘေးစစ်ဒဏ်သင့်
တော့မယ်။

ကျွန်တော်တို့ ဗမာတွေနဲ့ တိုင်းရင်းသားတွေသွေးကွဲအောင်
ဗမာ - ဗမာ အချင်းချင်း သွေးကွဲအောင် အမေရိကန်က
သွေးခွဲခဲ့တယ်။

အခု အမေရိကန်က ဒီမိုကရက်ပြည်သူတွေနဲ့ ရီပတ်ဘလစ်
ကန်ပြည်သူတွေလည်း သွေးကွဲနေပြီ။

ဝဋ်ဆိုတာ နောင်ဘဝမကူးပါဘူး။


Post a Comment

Previous Post Next Post