မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်အနည်းဆုံး လူ၂၉၄၀ သေဆုံးခဲ့ဟု ကုလသမဂ္ဂ ပြော


မြန်မာနိုင်ငံတွင် အာဏာပဋိပက္ခဖြစ်ပွားခဲ့သော ၂၀၂၁
ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားသောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၂၉၄၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူအခွင့်ရေးအဖွဲ့ OHCHR ၏ မတ်လအတွင်းထုတ်ပြန်သော နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါကာလအတွင်း အနည်းဆုံးလူပေါင်း ၁၇၅၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂလူအခွင့်အရေးအဖွဲ့က ဖော်ပြထားသည်။
၂၀၂၁ခုနှစ်နောက်ပိုင်းမှစတင်ပြီး ၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင်  မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့တွင် နေ့စဉ်နီးပါး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးဖြစ်ကြောင်း၊ OHCHR(The Office of the United Nations High Commissioner for Human Rights) ၏နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးခဲ့သူ ၂၉၄၀ ဦးအနက် စစ်ကိုင်းတိုင်းတွင် ၁၂၀၀၊ မန္တလေးတိုင်းတွင် ၃၄၃ ဦး၊ရန်ကုန်တိုင်းတွင် ၃၁၄ ဦး၊ မကွေးတိုင်းတွင်၂၅၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကချင်တွင် ၁၁ ဦး၊ ရှမ်းတွင် ၉၄ ဦး၊ချင်းတွင် ၇၅ ဦး၊ ရခိုင်တွင် ၄၅ ဦး၊မွန်တွင် ၄၆ ဦး၊ ကယားတွင် ၁၀၃ ဦးနှင့် အခြားပြည်နယ်နှင့်တိုင်းများတွင်လည်းသေဆုံးမှုရှိခဲ့သည်။

၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီအထိ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၄၄၁၅၀၀ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၅သန်းကျော်ရှိလာသည်။ ထို့ပြင် ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် အနည်းဆုံး ၁၄၃ ဦး သေဒဏ်ပေးခံရကြောင်း OHCHR က ဆိုသည်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့သော အချိန်မှ စတင်ပြီး ဂျာနယ်လစ် ၁၇၈ ဦး ဖမ်းဆီးထိန်းသိမ်းခံရ၍ ၁၂၂ ဦး ပြန်လွတ်မြောက်ခဲ့ကာ ၅၄ ဦး ဆက်လက်ထိန်းသိမ်းခံထားရပြီး ၎င်းတို့ထဲမှ နှစ်ဦး သေဆုံးခဲ့သည်။

ပုံစာ။ Tiger Force Mandalay PDF အဖွဲ့ မှားယွင်းပစ်သတ်ခဲ့သော ဇနီးမောင်နှံ၏ စျာပနမြင်ကွင်း (Photo Credit- BBC & Origional Uploader)

ref -ohchr
#Myanmar #Un #mtnews #OHCHR
#mtnews #myanmar_transparency_news

Post a Comment

Previous Post Next Post