အခင်းအကျင်းသစ်စပြီ

(21.3.23) နေ့မှာ  Xi နဲ့  ပူတင်တို့တွေ့ကြတယ်
ဆွေးနွေးချိန် (၄) နာရီကျော်၊ (၅) နာရီလောက်
ကြာမြင့်ခဲ့တယ်ဆိုတော့...
  - အလွန်အရေးကြီးပြီး
  - မျက်နှာစုံအတွက် မူဝါဒနဲ့ ရပ်တည်ချက်တွေ
     အတည်ပြုကြတဲ့အထိ ပါလိမ့်မယ်လို့ ယူဆရတယ်၊

သူတို့ပြောစကားတွေအရဆိုရင်...
တရုတ်က ဘယ်လိုပဲငြိမ်းချမ်းရေးအတွက်
အဆိုပြုသည်ဖြစ်စေ....
  - ယူကရိမ်းစစ်မပြီးနိုင်တဲ့အပြင်
  - စစ်ချဲ့ဖို့အထိ မျှော်မှန်းထားကြတာ တွေ့ရတယ်၊

#တရုတ်ပြောတာကြည့် -
" နှစ်ပေါင်း (၁၀၀) အတွင်းအပြောင်းအလဲတွေလာပြီ၊
   ကျွန်တော်တို့ နှစ်နိုင်ငံက ရှေ့တန်းကျကျမှာ
   ရောက်နေတယ် "

အမေရိကန်ရဲ့ ဗိုလ်ကျကြီးစိုးမှု #Hegemony ကို
အပြီးအပြောင်းအလဲလုပ်ရတော့မယ်လို့
အဓိပ္ပါယ်ထွက်တယ်၊ ရက်ပိုင်းအတွင်းကတောင်
ရေးလိုက်ပါသေးတယ်၊ ဒီပွဲက Showdown
အဆင့်ပါလို့၊ Break or make ပဲ၊

#ပူတင်ပြောတာက -
" UK အနေနဲ့ ယူကရိမ်းကို စစ်ရေးကူညီနေတာဟာ
   နျူကလီးယားစစ်ပဋိပက္ခအထိ စွန့်စားမှု
   ယူနေသလိုဖြစ်နေတယ် "

UK နဲ့ ပိုလန်ဟာ ရုရှားရဲ့ နောက်ထပ်ပစ်မှတ်
ဖြစ်လာနိုင်တယ်လို့ ရေးခဲ့ရာမှာ ပူတင့်အနေနဲ့
UK ကို ပထမ ဦးစားပေးအနေနဲ့ အန္တရာယ်
ပိုရှိတယ်လို့ သတ်မှတ်ထားကြောင်း
ပေါ်လွင်လာတယ်၊

...........

အမေရိကန် ဒရုန်းကို ပင်လယ်နက်ထဲမှာ
ရုရှားရဲ့ SU-27 (၂) စီးက အညစ်အကြေး
( လေယာဉ်ဆီလို့ဆိုတယ် ) ဖြန်းပြီး
ပျက်စီးသွားစေတဲ့သတင်းကိုသိပေမဲ့ ...
ဘောလ်တစ်ဖက်မှာ ရုရှားရဲ့ SU-35 က
အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး
(၂) စီးကို ကြားဖြတ်ဟန့်တားလိုက်တာ
မသိလိုက်ဘူး၊ ဘမောင်တို့ #ညံ့ချက်။

...........

ထိတ်သီး (၂) ဦးတွေ့ဆုံပွဲကို
အချုပ်ထုတ်ရရင် -
- ငြိမ်းချမ်းရေးကြိုးစားကြည့်မယ်
- မရရင် နောက်ဆုံးအပြောင်းအလဲအထိ
    ရေဆုံး မိုးဆုံးတိုက်မယ်
- စစ်ဘောင်ကျယ်မှာကို မျှော်လင့်ထားပြီး
- လိုအပ်ရင် နျူသုံးဖို့ဆုံးဖြတ်ပြီး
- တရုတ်ဖက်ကလဲ စစ်ပြင်ထားပြီး၊
- UK ပစ်မှတ်တွေကို မှတ်ပုံတင်ထားပြီး

Ba Maung  ( 22.3.23 ) 😇

Post a Comment

Previous Post Next Post