နောက်ဘဝရှိဦးမယ်ဆိုရင် တပ်မတော်ကြီးကိုချစ်သွားမှာပါတဲ့

ဒီတော့ "
ခင်ဗျား တပ်မတော်ကြီးကို မမုန်းဘူးလား"လို့
ကိုယ်ကမေးတော့
ပြင်မရတဲ့ အတိတ်ကံတွေက
ဒီဘဝမှာဘယ်လောက်အထိ အကျိုးပေးမယ်ဆိုတာ
သတ်မှတ်ထားပြီးသားပဲလေတဲ့။


တကယ်တော့ ထလရ  ဖျက်သိမ်းခံရချိန်
သူ့ရဲ့တာဝန်ထမ်းဆောင်မှုက
အကူ(၁)ရဲ့ ရေးဗက တာဝန်ထမ်းဆောင်ချိန်ကြီး။
တပ်ဖွဲ့ဝင်တွေမှာ ကောင်းသတင်း၊ မကောင်းသတင်းနဲ့
ကျော်ဇောနေချိန်မျိုးမှာ
မှင်နီပြစ်ချက်နဲ့တပ်ကထုတ်ပြစ်ဖို့အထိ
သူ့အမှားတွေ မရှိခဲ့ချိန်ပေါ့။


မှတ်မှတ်ရရ...
သူရေးခဲ့တဲ့စာအုပ်ထဲမှာ
ထလရ တပ်ဖွဲ့တခုလုံးကို
ဖျက်သိမ်းဖို့အထိလိုအပ်လို့လားဆိုတဲ့
မေးခွန်းတခု ရှိခဲ့တယ်။


ဒါပေမယ့် နောက်ဆုံးသူနဲ့တွေ့တဲ့အချိန်
ကိုယ်မမေးတော့ပေမဲ့ သူပြောခဲ့တဲ့စကားက
ဒါက  အဖြစ်သင့်ဆုံး လုပ်ရပ်လို့
လူကြီးတွေ ဆုံးဖြတ်ချက်ချခဲ့တာနေမှာပါတဲ့။
ကိုယ်က အလိုက်မသိဘူး။
ဒီတော့ ခင်ဗျား တပ်မတော်ကြီးကိုမမုန်းဘူးလားပေါ့။

သူလည်း အကြည်တော်လိုပဲ
တသက်တာတခါပဲချစ်ခွင့်ရမယ်ဆို...
နောင်ဘဝရောက်လည်း
တပ်မတော်ကြီးကို ဆက်ချစ်သွားဦးမှာပါပဲလို့
ထပ်ခါထပ်ခါဖြေတယ်။



#ဖိုးစီ
#ရဲမိုး  (အမှတ်တရ)   #တပ်မတော်ကြီးအပေါ် အကျိုးလိုလားချက်ကင်းစွာဖြင့်  ချစ်မြတ်နိုးနိုင်ကြပါစေ

Post a Comment

Previous Post Next Post