စစ်နည်းဗျူဟာ🏇🏇🏇🏇🏇ကာချူပ်အနေနဲ့ ကြည့်ရင်တော့ အောင်မြင်တဲ့ စစ်ဗျူဟာဖြစ်ပြီး ပြည်သူအနေနဲ့ ကြည့်ရင်တော့ ပြည်သူနာတဲ့စစ်ဗျူဟာ ဖြစ်တယ်

(ကာချူပ်အမြင်)
Pdfအသိုက်ဖြစ်တဲ့ လေးကေကော့ ကို ဝင်ရှင်းနိုင်တယ်။
 ဥကရစ်ထစခန်းနဲ့ စခန်းပေါင်းများစွာ ကို မကျအောင်ကာကွယ်နိုင်တယ်။
ကယားနဲ့ချင်းက မြို့သိမ်းတိုက်ပွဲ တွေကို ကာကွယ်နိုင်တယ်။
ဒါဟာ တပ်မတော်ရဲ့ အကြီးမားဆုံး စစ်ရေးအောင်မြင်မှု ဖြစ်တယ်။

မလွဲသာလို့ အာဏာသိမ်းရပေမဲ့ ပြော့ပြောင်းတဲ့ သဘောထားကို ပြသချင်တယ်။
နောင်တချိန် ICG/ ICC တွေမှာ ပြဿနာမရှင်းချင်ဘူး။
 ကမ္ဘာအမြင်မှာ ကိုယ့်ပြည်သူကို ပြန်သတ်နေတဲ့တပ်လို့ မမြင်စေချင်ဘူး။ ပုံရိပ်ကောင်းချင်တယ်။

ဒါကြောင့် နောက်ကလိုက်ရှင်းတဲ့ နည်းဗျူဟာကို သုံးတယ်။ 
အနည်းဆုံးအင်အား အနိမ့်ဆုံးဖြေရှင်းမှုဆိုတဲ့ ကိုယ့်ကို ပြန်မပါတ်ဘူးထင်ရတဲ့ နည်းဗျူဟာ ကိုသုံးတယ်။
ဆန္ဒပြတာကို လွတ်ထားပြီး လေးခွအုတ်ခဲ အကြမ်းဖက်တာပါလာမှ နောက်ကလိုက်ဖြေရှင်းတယ်။ လူအသေနည်းအောင် ဂရုစိုက်တယ်။ 

လက်နက်ကိုင် နည်းလမ်းကိုလည်း ခုခံစစ်ဗျူဟာ ကိုသုံးတယ်။
တရားလွန်လာလို့ အကြမ်းဖက်အဖြစ် ကမ္ဘာအလယ်ပုံရိပ်ပေါ်လာမှသာ ထိုးစစ်အသွင်လုပ်တယ်။

ထိုးစစ်မှလည်း လျှပ်တပျက် အင်အားသုံးမဖြေရှင်းဘူး။  
တဖြည်းဖြည်း အင်အားတိုး ဖြေရှင်းတယ်။
လိုချင်တဲ့ အကြမ်းဖက်ပုံစံပေါ်လာမှ ကမ္ဘာကို ချပြပြီး ဥပဒေဘောင်အတွင်းက ကျူံးသွင်းအ​ရေးယူ တဲ့ ဗျူဟာသုံးတယ်။
အမှည့်ချွေစစ်နဲ့ ကျူးသွင်းဝိုင်းပါတ်ချေမှုန်းတဲ့ ရုရှားလို ဗျူဟာမျိုးကို သုံးတယ်။
ဒီဗျူဟာရဲ့ အားနည်းချက် အားသာချက်တွေကို လေ့လာသင့်တယ်။
************
ရလာဒ်
လိုချင်တဲ့ ရလာဒ်ရပေမဲ့ တပ်ရင်းတွေ စစ်သည်တွေ စစ်ပန်းတယ်။
ရဟန်းရှင်လူ ဝန်ထမ်း
ပြည်သူတွေ သေကြေပျက်စီးတယ်။
တပ်မတော်ဟာ Pdfကို ဖိဖိစီးစီး မနိုင်နင်းဘူးလို့ အမြင်မှားခံရတယ်။

Pdfတွေ အကြမ်းမဖက်ခင် မနိုင်နင်းရ
ကောင်းလားလို့ အပြစ်တင်ပြန်ရင်လည်း တပ်မတော်မှာ ပြည်ပဖိအား ပြည်တွင်းဖိအားမျိုးစုံနဲ့ ဘေးကျပ်နံကျပ်ဆိုက်နေတဲ့ အချိန်မှာ ပညာသားပါးပါး ဖြေရှင်းနေရတယ်။ 
ပြည်ပနိုင်ငံတွေရဲ့ ငွေကြေးထောက်ပံ့မှု လက်နက် ထောက်ပံ့မှုတွေ ပါလာရင်
ဒါထက်ဖြေရှင်းရခက်တဲ့ အခြေအနေမျိုး ဖြစ်သွားမယ်။
 
ပြည်သူမှာလည်း Pdfတွေက ဘုန်းကြီးသတ် ဝန်ထမ်းသတ် ကလေးသတ်နဲ့ အကြမ်းဖက်တော့ တပ်မတော်ကလွဲ ပြီး အားကိုးစရာမရှိဘူး။
တပ်ကို အားကိုးရုံမက ပြည်သူပါဝင်တဲ့ဗျူဟာ ကိုသုံးတယ်။
 ကိုယ်စွမ်းနိုင်ရာဘက်က စွမ်းနိုင်သလောက်ပါဝင်တဲ့ ​
ပြည်သူ့စစ်တွေကို ချီးကျူးသင့်တယ်။
လစာမရ ပင်စင်မရဘဲ အသေခံတိုက်ကြတယ်။

တအိအိသွားနေတဲ့ တပ်မတော်ရဲ့Plan ဟာ တဖြည်းဖြည်း နဲ့တော့ တိုးတက်နေပါတယ်။
Eaosတွေရဲ့ စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲတွေကို အသက်နဲ့ရင်း အနိုင်တိုက်ပြီး
ပြည်တွင်းPdfတွေကို
ဝိုင်းပါတ်ပိတ်ဆို့ ခြေမှုန်း လာတယ်။
ဒါပေမဲ့ ထောင်သောင်းချီတဲ့ Pdfရဲ့အင်အားနဲ့ အမဲရောင်ဖြစ်သွားတဲ့နယ်မြေတွေကို အဖြူရောင်ပြန်ဖြစ်ဖို့
၁၉၄၉တုန်းကလို စစ်သားတွေအသေခံပြီး
နှစ်ချီကြိုးစားရလိမ့်အုံးမယ်။
ငွေကြေး/
လက်နက် /ကျည်ဆံ ဝင်ရာလမ်းတွေကို ဖြတ်တောက် ပိတ်ဆို့နိုင်ရင်တော့ နှစ်အနည်းငယ်အတွင်း Pdfချူပ်ငြိမ်းသွားနိုင်ပါတယ်။

တပ်မတော်သားများ ေအာင်မြင်၍ ပြည်သူများ ဘေးကင်းပါစေ။

NayMyoMyannar

Post a Comment

Previous Post Next Post