အစည်းအဝေးတွင်မြန်မာကအကြမ်းဖက်အဖွဲ့များ ကျူးလွန်နေသည့်လုပ်ရပ်များကိုပြစ်တင်ကန့်ကွက်ရန်တိုက်တွန်း

အာဆီယံအဆင့်မြင့်အရာရှိကြီးများ 
နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးမှ အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၌ မတ် ၅ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခါ မြန်မာနိုင်ငံ၏အခြေအနေများကိုရှင်းလင်းပြောကြားပြီး၊အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် မဟုတ်မမှန်လုပ်ကြံစွပ်စွဲပြောဆိုမှုများနှင့်မမျှတသည့်ပြောကြားချက်များကို တုန့်ပြန်ရှင်းလင်းခဲ့သည်။
ထို့ပြင် အကြမ်းဖက်မှုများလုပ်ဆောင်နေသည့်အဖွဲ့များနှင့်သောင်းကျန်းသူအဖွဲ့အချို့၏ ကျူးလွန်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး အကြမ်းဖက်အဖွဲ့များဘက်မှ ကျူးလွန်နေသည့်လုပ်ရပ်များနှင့် မည်သည့် အကြမ်းဖက်လုပ်ရပ်များကိုမဆို ပြစ်တင်ကန့်ကွက်ရန်လည်း တိုက်တွန်းခဲ့သည်။

Post a Comment

Previous Post Next Post