ကျော်သွားလို့မရတဲ့ ဥပဒေနဲ့ ပဋိဉာဉ်


လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ နစက ရဲ့လုပ်ရပ်မှားတယ်ဆိုရင် သေချာပေါက် NUG ကိုထောက်ခံမှာပဲ၊ ၂ နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွေမှာ ဘလိုပင်ဖြစ်နေပါစေ သံတမန်ရေးအရ အဆက်အသွယ်ဖြတ်ခြင်းမျိုး လုံးဝမရှိတာကို ကြည့်ခြင်းအားဖြင့် နစက ကို လက်သင့်ခံတာ မခံတာထက် ပစ်ပယ်မထားဘူးဆိုတာ တနည်းအားဖြင့် ထောက်ခံနေတယ်လို့ သတ်မှတ်လို့ ရတာကို နားလည်သဘောပေါက်ဖို့လိုပါတယ်။

ဥပဒေနဲ့ ပဋိဉာဉ်ကို လေးစားလိုက်နာမယ်ဆိုရင် အာဆီယံရဲ့ အခြေခံ ပဋိဉာဉ်မှာပါတဲ့ သက်ဆိုင်ရာ နိုင်ငံမပါဘဲ အဲနိုင်ငံရဲ့ အကြောင်းဆွေးနွေးခွင့်မရှိတဲ့ အချက်နဲ့  အာဆီယံနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ရယ်ကို အာဆီယံနိုင်ငံတွေ ရှောင်လွဲလို့မရပါဘူး။

ဒါကို စင်ကာပူကသိပါတယ်၊ သိလို့လဲ ဒီစကားပြောတာပါ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရမှာပါ။ နောက်တစ်ခုက မသိချင်ယောင်ဆောင် နေလို့ မရတဲ့ အချက်တစ်ခုက မြန်မာနိုင်ငံမှာ မဲမသမာမှုက တကယ်ဖြစ်သွားခဲ့တယ်ဆိုတာကိုလည်း သူတို့သိသလို့ မရှင်းဘဲ နေခဲတဲ့ NLD အစိုးရကိုလည်း မှားတယ်ဆိုတာ သူတို့သိပါတယ်။
#MinZawLwin

Post a Comment

Previous Post Next Post