အချုပ်ကားဖောက်ပြေးဖြစ်စဉ်မှန်


မနေ့က ညနေ ၄ နာရီ ၃၅ မိနစ်ခန့်မှာ ရမည်းသင်းအကျဉ်းထောင်မှ အချုပ်သား ၂၀ ဦးအား နေပြည်တော် တရားရုံးအသီးသီးတွင် ရုံးထုတ်ပြီးအပြန် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၂၄၆/၃)သို့ရောက်ရှိစဉ် အချုပ်ကားလခရရဲ၏ သေနတ်ကိုလုယူ၍ပစ်ခတ်မှုကြောင့် တရားခံ ကျား ၉ ဦး ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့။
-
ဖြစ်စဉ်မှာ အချုပ်ကားနောက်ခန်းရှိ လခရရဲတစ်ဦး၏ သေနတ်အား တရားခံ နေဇော်(ခ)မာမွတ်နှင့် အချို့ဟာ သေနတ်လုယူခဲ့ပြီး ကားအားရပ်တန့်ပေးရန် ကားခေါင်းခန်းမှ ရဲအုပ်ထံ လခရရဲအား ဖုန်းဆက်စေခဲ့။
-
ကားအား ရပ်တန့်ပေးပြီး အချုပ်ကားနောက်တံခါးအား ဖွင့်ပေးနေစဉ် တရားခံများမှ လုယူထားတဲ့ သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ပြီး အချုပ်သားများထွက်ပြေးစဉ် ရဲအရာရှိမှ လုံးထွေးဖမ်းဆီးပြီး လုယူထားတဲ့သေနတ်နဲ့အတူ တရားခံ ၁ ဦး ဖမ်းဆီးနိုင်ခဲ့ကာ ၉ ဦး လွတ်မြောက်သွားခဲ့။ (ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ)
-
ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ မိနစ်အတွင်း စစ်တပ်နှင့် ရဲများ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ရှာဖွေဖမ်းဆီးရာ ဂွေးပင်ရွာအနီးတွင် တရားခံ (၁ သေ + ၂  ရှင်) ၃ ဦး ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး လွတ်မြောက်နေသူ အချုပ်သား ၆ ဦးအား ဆက်လက်တောနင်းရှာဖွေလျက်ရှိပါတယ်။
-
ဖြစ်စဉ်အမှန်က ဒါပါပဲ။ ခဏ ခဏ လာမေးနေကြလို့ ရေးသားဖော်ပြလိုက်တာပါ။
#KT

Post a Comment

Previous Post Next Post