တပ်မတော်မှပြည်သူ


"မန္တလေး- ရန်ကုန် အထူးရထားများကို တပ်မတော်နေ့နဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလမတိုင်မီ ပြေးဆွဲမည်"

မန္တလေး- ရန်ကုန် အထူးရထားများအဖြစ် တပ်မတော်နေ့မတိုင်မီနှင့် သင်္ကြန်ရုံးပိတ်ရက်ကာလမတိုင်မီ လေအိတ်အထူးရထားများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ထိုသိုပြေးဆွဲရာ၌ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် အစုန်အထူးရထားကို မတ် ၂၄ ရက်မှာ တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပြီး မဟာသင်္ကြန်ကာလ ဧပြီ ၇ ရက်နှင့် ၈ ရက်တွင်လည်း မန္တလေး- ရန်ကုန် အထူးရထားပြေးဆွဲပေးမှာဖြစ်သည်။

အထူးပြေးဆွဲသွားမည့် ရထားတွဲဆိုင်းတွင် ရိုးရိုးတန်း (၆)တွဲ၊ အထက်တန်း (၆)တွဲတို ပါရှိမည်ဖြစ်ပြီး လက်မှတ်စျေးနှုန်းများအနေဖြင့် မန္တလေး- ရန်ကုန် အမှတ်(၆)အစုန်၊ အမှတ် (၄) အစုန် ရိုးရိုးတန်းလက်မှတ် ကျပ်(၇၇၅၀)၊ အထက်တန်းလက်မှတ် ကျပ်(၁၅၄၅၀)နှင့် အထက်တန်းအိပ်စင် စျေးနှုန်းမှာကျပ် (၂၁၂၅၀) သတ်မှတ်ထားကာ လက်မှတ်များကို နေ့ချင်းဝယ်ယူနိုင်သလို ၃ ရက်အထိ ကြိုတင်ဝယ်ယူနိုင်ကြောင်း သိရသည်။
သိမြင်ကြားကြပါစေ
စေတနာဖြင့်
Min Thuya

Post a Comment

Previous Post Next Post