၁၃၈၅ ခုနစ် မဟာ သင်္ကြန်စာ


မဟာသင်္ကြန်ကျချိန်

၁၃၈၄ ခု နှောင်းတန်ခူးလဆုတ် (၁၀) ရက် ခရစ်နှစ် ၂၀၂၃ ခုနစ် ဧပြီလ (၁၄) ရက် သောကြာနေ့ မြန်မာ စံတော်ချိန် ညနေ (၆) နာရီ (၁၂) မိနစ် (၈) စက္ကန့်

မဟာသင်္ကြန်အကြတ်ရက်

၁၃၈၄ ခု နှောင်းတန်ခူးလဆုတ် (၁၁) ရက် ခရစ်နှစ် ၂၀၂၃ ခုနစ် ဧပြီလ (၁၅) ရက် စနေနေ့

မဟာသင်္ကြန်အတတ်ရက်

၁၃၈၄ ခု နှောင်းတန်ခူးလဆုတ် (၁၂) ရက် ခရစ်နှစ် ၂၀၂၃ ခုနစ် ဧပြီလ (၁၆) ရက် တနင်္ဂနွေနေ့ မြန်မာ စံတော်ချိန် ည (၁၀) နာရီ (၁၆) မိနစ် (၄၉) စက္ကန့်

နှစ်ဆန်းတရက်

၁၃၈၅ ခု တန်ခူးလဆုတ် (၁၃) ရက် ခရစ်နှစ် ၂၀၂၃ ခုနစ် ဧပြီလ (၁၇) ရက် တနင်္လာနေ့

ဇေယျတုသဗ္ဗမင်္ဂလံ

အချင်းယူဇနာ ၅၀ လုံးဝန်းယူဇနာ ၁၅၀ အတွင်းကားရွှေ၊ အပကား ဖလ်အတိပြီးသော ရောင်ခြည်တစ်ထောင်ဆောင်သော ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုထ္တပါဒ် အဝဿန်နဝင်းမှ တန်ခူးဖြစ်သော မိဿရာသီ အဿဝနီနက္ခတ် ပထမပါဒ် အာဒိနဝင်းထက်သို့ တွက်စစ် ကောဇာနှစ်သချာင်္ကား ၁၃၈၄ ခုနစ် နှောင်တန်ခူးလဆုတ် ၁၀ ရက် ခရစ်နှစ် ၂၀၂၃ ခုနစ် ဧပြီလ ၁၄ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၂ မိနစ် ၈ စက္ကန့် မြန်မာဗဟိုရ်နေ့ ၃ ချက်တီးကျော် ၄ နာရီ ၂ ပါဒ် ၁၀ ဗီဇနာ ၅ ပြဏ် ၉ ခရာအချိန် ကန်ရာသီလဂ် မကာရရာသီစန်း တနင်္ဂနွေဟောရက် သောကြာတြင်း ဗုဒ္ဓဟူးနဝင်း တနင်္ဂနွေဒွါဒသင်း အင်္ဂါတိံသင်း နက္ခတ် ၁၃ လုံး ၁ ပါဒ် ၁၁ ဃဋီ ၃၂ ဝိဃဋီ ပြည့်ထက်လဂ်စီးလျက် ထိုနာရီ၏ ဣဋ္ဌဘဝါးကား ၄၉၇ ဘဝါး ၂ လက်သစ် ၁ မုယော ၅ နှမ်း ၀ ဆံခြည်တွင် ဂရဇကရိုဏ်းနှင့်ယှဉ်လျက် ဘာနုရာဇာအမည်ရှိသော တနင်္ဂနွေ ဂြိုဟ်မင်းသည် ရွှေအဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် နွားလားဥဿဘစီး၍ လက်တဖက်ကား ပုဆိန် လက်တဖက်ကား တစည်းကိုင်လျက် အရှေ့တောင်ထောင့်ကသည် အနောက်သို့ဝင်၏။ ပြောက္ကာဒေဝီနတ်သမီးကား အလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား အာသီ အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော ရဿကာဒေဝီနတ်သမီးကား ဆောင့်ကြောင့်ထိုင်၍ လှမ်းလင့်၏။ နန္ဒာဒေဝီနတ်သမီးကား အဖြူ အနီ အစိမ်း အပြာ အဝါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။

ထို့ကြောင့် မိုဃ်းဦး မိုဃ်းလယ် တံ့အံ့။ မိုဃ်းနှောင်း ကောင်းအံ့။ လူတို့ ဘုရား ပုထိုး ကျောင်း ကန် ကုသိုလ် ကောင်းမှု ပြုသည် များကုန်အံ့။ ယုတ်သောထဘီဝတ်ကြောင့် မြတ်သော ထဘီဝတ်တို့ ပျက်စီးကုန်အံ့။ ကျွဲ နွား စသော အခြေလေးခုတို့ ဥပါဒ် ဖြစ်အံ့၊ ပြည်ကြီး ပြည်ငယ် ခြောက်ချားအံံ့။ ပိုးချည်ရှားအံ။ (ဤကား မဟာသင်္ကြန်အကျအဟောတည်း)

သင်္ကြန်သုံးပါးတို့တွင် သာမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် ၂၄ မိနစ်တွင် ဦးခေါင်းဆေးမင်္ဂလာ ပြုရာ၏။ ဤကား အများနှင့်သက်ဆိုင်သော သာမညအခါပေတည်း။ အသီးအသန့် ဝိသေသအခါပေးကား။ သင်္ကြန်ကျသည့်အချိန်တွင် သင်္ကြန်ကျ မြေခံသည် တိထီ ၈ လုံး ၄၇ ဃဋီ၌ ဣဋ္ဌ တနင်္ဂနွေမြေခံဖြစ်သည်။ သင်္ကြန်ကျသည့်ရက်မှာ သောကြာနေ့ ဖြစ်၏။ သို့ဖြစ်ရာ သင်္ကြန်အကျမြေခံ တနင်္ဂနွေနေ့ဖွားသားသမီးနှင့် သင်္ကြန်အကျနေ့ သောကြာနေ့ဖွားသားသမီးတို့မှ ကြွင်းကျန်ကုန်သော နေ့သားသမီးတို့သည် မိမိတို့၏ နေ့အလိုက် ဂဟပတိ အရပ်ကား...

တနင်္ဂနွေနေ့ဖွား သားသမီးများအတွက် အနောက်တောင် သောကြာနေ့ဖွား သားသမီးများအတွက် တောင်အရပ်  တနင်္လာနေ့ဖွား သားသမီးများအတွက် အနောက်အရပ် အင်္ဂါနေ့ သားသမီးကား အနောက်မြောက်ထောင့် ဗုဒ္ဓဟူးနေ့ သားသမီးကား မြောက်အရပ် ကြာသပတေးနေ့ သားသမီးကား အရှေ့အရပ် စနေနေ့ သားသမီးကား အရှေ့မြောက်ထောင့်အရပ် ရာဟုနေ့ သားသမီးကား အရှေ့တောင်ထောင့်အရပ်များသို့ မျက်နှာမူပြီးလျင်...

မိမိတို့ နံ၏ အမြစ်ဖြစ်သော တနင်္လာကား အုန်း အင်္ဂါကား ကံ့ကော် ရာဟုကား ဇီး  ဗုဒ္ဓဟူးကား ဇီး စနေကား သီးညွှန့် ကြာသပတေးကား ရွက်လှ တနင်္ဂနွေကား ထန်း သောကြာကား ပျဉ်းမ

အမြစ်နှင့် နံတူ အရွက်အခက်တို့ကို နင်းကြမ်းပြု၍ မိမိတို့၏ အညွှန့်ပန်းဖြစ်သော

တနင်္ဂနွေသားသမီးများ ကံကော် တနင်္လာ သားသမီးများ စံပယ် အင်္ဂါ သားသမီးများ ရွက်လှ ဗုဒ္ဓဟူး သားသမီးများ မေမြို့ ရာဟု သားသမီးများ မေမြို့ စနေ သားသမီးများ အုန်း ကြာသပတေး သားသမီးများ သပြေ သောကြာ သားသမီးများ နှင်းဆီး

အညွှန့်နှင့် နံတူပန်းတို့ကို အသီးသီး ဆောင်လျက် ရတနာ ၃ ပါး မိဘဘိုးဘွား ဆရာသမား သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝနတ်မြတ်နတ်ကောင်းတို့ကို ပူဇော် ကန်တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုရာကုန်၏။

ဦးခေါင်းဆေးရသောအကျိုးကား

သင်္ကန္တေ သင်္ကြန်ဟု ခေါ်ဝေါ်အပ်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် ပုဏ္ဏမေ အံသာ ၃၆၀ ရသဖြင့် တစ်ဘဂဏပြည့်၍ မိန်ရာသီ အာဝသန်နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့ ပြောင်းခဲ့သည်ရှိသော် ဣဓ ဤလူ့ပြည်၌ မဏဝါ သတ္တဝါဟု ခေါ်ဝေါ်အပ်ကုန်သော မနုဇာ လူအပေါင်းတို့သည် သိရာ ဦးခေါင်းဆေးကုန်ရာ၏။ တေးသံ ထိုဦးခေါင်းဆေးကုန်သော သူတို့အား သတ္တဘာဂီ ခုနှစ်နှစ်က ဖြစ်ကုန်သော ရောဂီ အနာမျိုးတို့သည် ဝိနာသေယျုံ ကင်းပျောက်ကုန်ရာ၏။ သုခဘာဝီ ချမ်းသာခြင်း၏ အဖို့ဖြစ်ကုန်သော သတသဟဿာနိ တစ်သိန်းသော အကျိုးတို့သည် ဘဝေယျုံ ဖြစ်ကုန်ရာ၏။

သက်ြန်အခါ ရှောင်ကြဉ်ရန် အမှုကား မဂ်လာစကား လက်ာကြားအံ့ ကြောင်းလျားစုံစေ့ သက်ြန်နေ့၌ မတွေ့ဝေးစွာ ရှောင်ကုန်ရာသား

၁။ မသာနှလုံး ညှိုးချုံးစိုးရိမ် မငြိမ်ပူဆွေး ငိုကြွေးကုန်ထ
၂။ ကာမအရာ မေထုနာနှင့်
၃။ ပါဏာသတ်ပုတ်
၄။ သောက်တုတ်သေရက်
၅။ မျက်ထွက်မာန ပဋိဃနှင့် ဒေါသကိုငြိမ်း
၆။ ဆီလိမ်းပွတ်ဆင်
၇။ သစ်ပင်ခုတ်ဖြတ်
၈။ သတ်ခတ်ကုန်ရှောင်း
၉။ အရောင်း
၁၀။ အဝယ် လဲလှယ်ဟူသည် ဤဆယ်မည်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား မြင်းမိုရ်ဖျားဝယ် သိကြားသော်မှ မပြုရာ ရှောင်ကြဉ်ရာဟု ကျမ်းလာသော်ကား လက်ာကြားသည်။ ( ဤကား မဟာသက်ြန်အကျအလိုတည်း)

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေဋ္ဌနှစ်တည်း။ နှစ်ကို ကျားစောင့်၏။ မြေကို ဒွန်းစဏ္ဍားစောင့်၏။ ကောင်းကင်ကို ဝဿရောစောင့်၏။ ရေကို ယုန်စောင့်၏။ မိုးကို ငှက်စောင့်၏။ တောကို ဥဒေါင်းစောင့်၏။

လူတို့အဓိပတိကား မိဖုရား အခြေလေးခုတို့ အဓိပတိကား ကျား ငှက်ဆို့၏ အဓိပတိကား လင်းတ သစ်ပင်တို့၏ အဓိပတိကား အင်ကြင်း ဝါးတို့၏ အဓိပတိကား မြင်ဝါး မြက်တို့၏ အဓိပတိကား နေဇာ

နက်ခတ် ၆ လုံး ငုပ်၏။ ၆ လုံး ပေါ်၏။ မြေသြဇာတတ်အံ့။ မိုးဦး မိုးနှောင်း နာအံ့။ မိုးလယ် ရွာအံ့။ မိုးအကြိမ် ၄၀ ရွာအံ့။ ကျေးတောင် မကောင်း။ ချိုင့်ဝှမ်းရာကောင်း၏။ ကောင်းပဲ အပင်ကောင်း၍ အသီးအနှံမကောင်း။ အဖျင်းများအံ့။ မြေတကာဖြစ်သမျှ သစ်ပင်နာအံ့။ အရွက်ကြွေကျအံ့။ မိုးကြည်းကြောင်း ရွာအံ့။ ကဆုန်လ မိုးသံကြားအံ့။ နယုန်လ ရွာအံ့။ လူတို့ အနာအဖျားများလွန်ကုန်အံ့။ ပြည်သူတို့ ခိုက်ရန်များကြကုန်အံ့။ အချင်းချင်းညဉ်းဆဲကြအံ့။ ဧဿန် အဂိနေမှ စစ်ဖြစ်ကြအံ့။ ကျောက် ဝက်သက် ထွက်အံ့။ အနာထူပြောအံ့။

တန်ခူး ကဆုန် ဝါခေါင် သီတင်းကျွတ် နတ်တော် ဤ ငါးလကား လူတို့ ရှားပါးငတ်မွတ်ကုန်အံ့။ သမီး လုလင်ပျိုတို့ မြူးတူးခြင်းလွန်ကုန်အံ့။ ထိုနှစ်ဖွားသောသားကား ချစ်သူများအံ့။ အမျိုများအံ့။ ကျော်ဇောထင်ရှားအံ့။ မယားများအံ့။ သားမြေးများအံ့ စိတ်နှလုံးမဖြောင့် ကောက်ကျစ်အံ့။ အကြံအစည်နက်အံ့။ လူတကာတို့ မှီခိုရာဖြစ်အံ့။ အသက် ၅၀ နေရအံ့။ (ဤကား အတာစက်ခုအလ်ုတည်း)

၁၃၈၅ ခုနှစ် အတာစားသော နေ့သည် တနဂ်နွေနေ့ ဖြစ်ပါတယ်။

ဤနှစ် မြန်မာသကရာဇ် ၁၃၈၅ ခုကို စိုးမိုးသောဂြိုဟ်ကက်ဘိနတ်အဖွဲ့အစည်းတွင် နှစ်၏ အရှင်ဝဿပတိ မင်းသမတသည် ဗုဒဟူးဂြိုဟ် နှစ်၏ သေနာပတိကာကွယ်ရေးဂြိုဟ်မှာ သောကြာဂြိုဟ် နှစ်၏ အရှင်သဿဝတီ လယ်ယာစိုက်ပျိုးရေးဂြိုဟ်မှာ တနလ်ာငြိုဟ် နှစ်၏ အရှင် ရဿပတိကုန်သွယ်ရေးဂြိုဟ်သည် ဗုဒဟူးဂြိုဟ် နှစ်၏ အရှင် နိရဿပတိ ဓါတ်သတုဂြိုဟ်သည် တနလ်ာဂြိုဟ်တို့ဖြစ်သည်။ ဤနှစ်၏ ဂြိုဟ်ကက်ဘိနတ်ဖွဲ့စည်းပုံတွင် သောမဂြိုဟ်များဖြင့် ဖွဲ့စည်းထားပါသည်။

မိုးလေဝသဖောက်ပြန်၍ လေအလွန်တိုက်ခတ်ပြီး နေအလွန်ပူပြင်းခြင်း မိုးသီးကြွေခြင်း မသန့်ရှင်းသောရေတို့နှင့် ဓါတုဗေဒဆိုင်ရာ ဆေးဝါးများကြောင့် သီးပင်စားပင်တို့ အထွက်နှုန်းလျော့နည်းတတ်၏။

လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မြေအောက်သယံဇာတအထွက်တိုးမှု လျော့နည်းနိုင်သလို လေလွင့်ဆုံးရှုံးမှုများ ရှိနိုင်ပြီး ၎င်းလုပ်ငန်းအပေါ် မှီခိုနေသော သူအပေါင်းတို့ အကျိုးခံစားခွင့် နည်းနိုင်အံ့။ သဘာဝအလျောက် ရေလှောင်ကန် တာတမံများ ပျက်စီးယိုယွင်းမှု ရှိနိုင်သည်။

တိုင်းပြည်၏ စိုက်ပျိုးရေးနှင့် တောင်ယာစိုက်ပြည်သူတို့၏ အခွင့်အရေး အကျိုးစီးပွားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် အဘက်ဘက်မှကြိုးစားကူညီကြအံ့။ အမျိုးသမီးတို့၏ လုံခြုံရေးနှင့် မကြားဝံ့မနာသာ ဖြစ်စေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို လူမဆန်စွာ ကျူးလွန်သည့် သက်ငယ်မုဒိန်းမှုများကို ဥပဒေနှင့်အညီကာကွယ်နိုင်ရန် လုပ်ဆောင်လာအံ့။

ပြည်သူကျန်းမာရေး ပြန်လည်ထူထောင်ရေးသည် အရေးကြီးသောအစိတ်အပိုင်းအနေဖြင့် ပါဝင်ပြီး ရာသီဥတုဖောက်ပြန်မှုနှင့် အခြေအနေ အမျိုးမျိုးကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလှစ်ဟင်းနိုင်အံ့။ အတားအစီးစိန်ခေါ်မှု ခြိမ်းခြောက်မှုများ ရှိနေသည့်ကြားမှ သဟဇာတရှိပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲ၍ လူမျိုးရေးပြဿနာများကြီးထွားမလာအောင် ဝိုင်းဝန်းကြိုးပန်းကြအံ့။ ဌာနဆိုင်ရာများ၏ အခက်အခဲဟူသော အခြေအနေများရှိနေသည့်တိုင်အောင် လိုအပ်ချက်များစွာရှိနေသည့် အခြေခံအဆောက်အဦးများကို လျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်လာအံ့။ အိမ်ခြံမြေလုပ်ငန်းများနှင့် ၎င်းလုပ်ငန်းအပေါ် မှီခိုနေသောသူအပေါင်းတို့ အကျိုးရလာဒ်နည်းအံ့။

ဖောင်းပွသောစျေးနှုန်းဖြင့် အရောင်အဝယ် တည်ငြိမ်နိုင်အံ့။ နိုင်ငံ၏ အချို့သော အရပ်ဒေသတို၏ ပြောင်းလဲလာသော အခြေအနေများဖြင့် မြင်တွေ့ရပြီး အလားလာရှိသော စီးပွားရေးနှင့် လူနေထိုင်မှုဘဝတို့၏ ဘေးကင်းလုံခြုံမှုရှိခြင်းစသော အရေးပါသည့် အခြေခံအချက်များကို အလေးထားလုပ်ဆောင်နိုင်ရန် ကြိုးစားလာအံ့။

ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များအတွက် ရှေးရှုလုပ်ဆောင်ကြသော ရဟန်းရှင်လူ ပုဂိုလ်တို့၏ အရေးကြီးသောဖြစ်ရပ်များနှင့် အထူးဝမ်းနည်းဖွယ် ကြုံတွေ့ရအံ့။ အလုပ်သမားတို့၏ အခွင့်အရေးရပိုင်ခွင့်များနှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းရခြင်း အကန့်အသတ်ရှိသော လူသားအရင်းအမြစ်များနှင့် သယံဇာတများခွဲဝေအသုံးချရေးနှင့်ပတ်သက်သော နည်းပညာ မဟာဗျူဟာများ ချမှတ်၍

အလုပ်အကိုင်ရှားပါးမှုအနည်းဆုံးဖြစ်အောင် ဖော်ဆောင်နိုင်အံ့။

နိုင်ငံတကာ အသိုက်အဝန်းနှင့်ထိတွေ့ရာ၌ သံရုံဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်ဆိုင်ဖြေရှင်းရတတ်သည်။ စာပေ ပညာရှင် တေးရေးဆရာနှင့် စာပေထုတ်ဝေသူ သတင်းမီဒီယာဆိုင်ရာ အထင်ကရရှိသူများ ဘေးတွေ့နိုင်အံ့။  စိတ်ပိုင်းဆိုင်ရာ ရုပ်ဆိုင်ရာ ဝေဒနါများ ရရှိတတ်သည်။

မီလောင်ကျွမ်းမှုများကြောင့် အသက်အိုးအိမ်စည်းစိမ်တို့ ဆုံးရှုံးကာ စက်မှုလုပ်ငန်းများတွင်လည်း အလားတူဖြစ်စဉ်များ မကြာခဏ ကြုံတွေ့ရပြီး ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသည်။

ကမာစတော့ရှယ်ယာစျေးကွက် အကျဘက်သို့ဦးတည်ကာ နှစ်လည်ပိုင်းတွင် အတတ်ဘက်သို့ ဦးတည်အံ့။ ရေထွက်မွေးမြူရေးလုပ်ငန်း ချည်ထည် ရှယ်ယာစျေးကွက် ရွှေနှင့်ငွေစျေနှုန်း ကျောက်မျက်ကုန်သည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစည်း သံမဏိဆက်စပ်ပစည်များ ရေနံ နိုင်ငံတကာ ငွေကြေးစျေးကွက်  ဝင်ငွေရလမ်းကောင်း၏။ စျေးကွက်ကောင်း ရရှိတတ်။

📝

Post a Comment

Previous Post Next Post