နိုင်ငံတော်အကြီးအကဲ၏ တောင်သူလယ်သမားနေ့သဝဏ်လွှာမှ ကောက်နုတ်ချက်

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပါသည်။ 
ထို့အပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product) နှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် ဆက်စပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)ကိုလည်း အောင်မြင်အောင် မြှင့်တင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသော တောင်သူများ၊ လယ်ယာလုပ်သားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်ကြသူများအားလုံး အကျိုးကျေးဇူးကို မျှတစွာခံစားကြရမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ပါသည်။ 

#Tatmadaw Daily Activity

Post a Comment

Previous Post Next Post