က​လေးမြို့တွင် မူးယစ်​ဆေးဝါးတရားခံများအား ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာနှင့် အိတ်စွပ်ကျေးရွာတို့တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူများအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

====================
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်

မနေ့က နံနက် ၉ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချနေကြောင်း အမာခံများ၏ သတင်းပေးချက်အရ
 လုံခြုံရေးအဖွဲ့ဝင်များမှ ၎င်းကျေရွာသို့ သွားရောက်ရှာဖွေခဲ့ရာ မောင်ဇော်(ခ)ကိုဇော် အားတွေ့ရှိခဲ့ပြီး ၎င်းအိပ်သည့် အိပ်ယာခြေရင်း အိပ်ယာကြမ်းပြင်ပေါ်ရှိ လက်စွဲအိတ်အတွင်းမှ နီညိုရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ဖြူ/ဝါ စပ်ကြားအမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူ ၂ ထုပ် ပေါင်း ၂၀ ဂရမ်ခန့် တို့အားတွေ့ရှိခဲ့၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ၎င်းတရားခံ မောင်ဇော်(ခ)ကိုဇော်အား စစ်ဆေးမေးမြန်းခဲ့ရာ ကွင်းစက်တရားခံဖြစ်သည့် ကလေးမြို့နယ်၊ အိတ်စွပ်ကျေးရွာတွင် ဖြိုးသက်ထူး(ခ) သာထူး၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ ဖြိုးသက်ထူး(ခ)သားထူး အား နေအိမ်တွင် တွေ့ရှိခဲ့ပြီး အိမ်ရှေ့မြေကြီးအတွင်း သိုဝှက်သိမ်းဆည်းထားသည့် အမဲရောင် ကြွပ်ကြွပ်အိတ်ဖြင့် နီညိုရောင်ဆပ်ပြာခွက်အတွင်း ထည့်ထားသော ဘိန်းဖြူ ဖြူ/ဝါ စပ်ကြားအမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူ ၃ ထုပ်၊ ပေါင်း ၃၀ ဂရမ်ဂန့်တို့အား တွေ့ရှိသိမ်းဆည်းရခဲ့ရာ ဖမ်းဆီးခဲ့ပြီး ၎င်းတရားခံ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Post a Comment

Previous Post Next Post