ပုဇွန်တောင်မှာရှိတဲ့ CB ဘဏ်ကို ကြက်သွန်လှီးဓားနဲ့ သေနတ်အတုအသုံးပြုပြီး ဝင်လုသူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲမှ ဖမ်းဆီး


ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြိုနယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ CB ဘဏ်ကို ယနေ့ (မတ်လ ၁ ရက်) နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်လုယက်သူ အမျိုးသား ၂ ဦးကို လုံခြုံရေးတပ်ဖွဲက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဝင်ရောက်လုယက်သူများမှာ ပုဇွန်တောင်မြိုနယ်တွင် နေထိုင်သူများဖြစ်ကြသည့် သူထူးအောင် (၁၅ နှစ်)နှင့် သန့်စင်အောင်(၁၄ နှစ်)တိုဖြစ်ကြသည်ဟုဆိုသည်။

အဆိုပါလူငယ်နှစ်ဦးသည် ကြက်သွန်လှီးဓား ၂ ချောင်းနှင့် ပစ္စတိုသေနတ်အတုကို ပြသ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာစားပွဲပေါ်တင် ထား သော ငွေကျပ်သိန်း ၆၅၀ ကိုလုယူပြီး ထွက်ပြေးရန်ပြင်ဆင်စဥ် လုံခြုံရေးအဖွဲရောက်ရှိလာပြီး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post