မြင်းခြံမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များမှ ကျေးရွာကို မီးရှို့ကာ ပြည်သူများအား ဖမ်းဆီးသွားတယ်ဆိုပြီး Khit Thit Media မှ သတင်းအတုရေးသား

#ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်စီးနင်းပြီး ဘုန်းကြီး ကျောင်း ၃ ကျောင်းအပါအဝင် နေအိမ် ၁၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးကာ ကြက်သွန်စိုက်နေသည့် အပြစ်မဲ့ ပြည်သူအမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
 
#ဒီသတင်းအား စိစစ်ရာတွင် >>>  ဖေဖော်ဝါရီ ၂၆ ရက်နေ့ မြင်းခြံမြို့နယ် ကန်တော်ရွာတွင် စကစတပ်ဖွဲ့ဝင်များ ဝင်ရောက်ခြင်းမရှိခဲ့ကြောင်း၊ ငွေကြေးအရှုတ်အရှင်းကိစ္စဖြင့် PDF များ အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်ကြတဲ့ ဖြစ်စဉ်သာရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ မြေပြင်တွင် PDF တွေ အချင်းချင်းသတ်ဖြတ်နေတဲ့ သတင်းကို Khit Thit Media မှ လိမ်ညာဖုံးကွယ်ကာ စကစတပ်ဖွဲ့ဝင်များအား အပုတ်ချ၍  နေအိမ်များကို မီးရှို့ပြီး ပြည်သူတွေအဖမ်းခံရတယ်ဟု လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။
#Fake-News 
#FACT-CHECK

Post a Comment

Previous Post Next Post