KNU အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ကြီးထွားလာ

KNU ရဲ့ (၁၇) ကြိမ်မြောက် ညီလာခံကို ၎င်းတို့ရဲ့လက်အောက်ခံ တပ်မဟာ ၅ က မတက်ဘူးလို့ သတင်းတွေ ထွက်လာပါတယ်။ ဒီညီလာခံမှာ ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ရွေးချယ်မှာဖြစ်ပြီး ယခင်ကလည်း ရက်သတ်မှတ်ပြီး ဖျက်သိမ်းခဲ့ရတာ နှစ်ကြိမ်တိုင်ရှိပြီဖြစ်ပါတယ်။ (၁၀) ဦးမြောက် ဥက္ကဌသစ်ကိုရွေးချယ်မယ့် ဒီညီလာခံကို တပ်မဟာ ၅ မတက်တာနဲ့ ပတ်သက်ပြီး အဖွဲ့တွင်း သဘောထားကြီးကြီးမားမား သဘောထားကွဲလွဲမှုရှိနေတာကို ထင်ဟပ်စေလာပါတယ်။ ဒါ့အပြင် KNU အတွင်း လက်ရှိခေါင်းဆောင်းပိုင်းနှင့် တပ်မှူးများကြား သဘောထားကွဲလွဲမှုများရှိနေပြီး လက်ရှိဥက္ကဌကို လုပ်ကြံဖို့အထိ သတင်းများထွက်ရှိခဲ့ပါတယ်။

#HlaShwe

Post a Comment

Previous Post Next Post