NLD ပါတီရဲ့ ပြန်လမ်းမဲ့လမ်း




🔹NLD ပါတီကတော့  နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းများ  ဥပဒေအရ  သူ့အလိုလိုဖျက်သိမ်းသွားခဲ့ပါပြီ။   နိုင်ငံရေးလောကမှာ  ပါတီတစ်ခုအနေနဲ့ ဆက်လက်ရပ်တည်ဖို့အတွက် ရေခံ၊  မြေခံ ကောင်းတွေရှိနေပေမယ့်လည်း လက်ရှိ NLD ပါတီဝင်တွေကိုယ်တိုင်  က  လက်နက်ကိုင်လမ်းစဉ်ကို  သွားနေကြတာမို့ ပါတီမှတ်ပုံတင်ခြင်းဥပဒေအရ  မှတ်ပုံပြန်တင်ရင်တောင် စစ်ဆေးမှုတွေ အတော်လေး လုပ်ခံရမဲ့အချိန်မှာ  ပါတီမှတ်ပုံပြန်မတင်ဖို့ကိုပဲ  ဆုံးဖြတ်လိုက်ကြတဲ့သဘောလို့ ယူဆမိပါတယ်။

🔹ဒီနေရာမှာ NLD ပါတီဆက်လက်ရပ်တည်နိုင်ဖို့အတွက်  ဒေါ်အောင်ဆန်းစုကြည်ရဲ့  အတ္တတွေကို  အများကြီး မြင်တွေ့ရတာကတော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ နောက်ဆုံး  သူမရှိရင်  သူ့ပါတီလည်း  မရှိစေရဆိုတဲ့ အတွေးရှိခဲ့ပုံ ရပါတယ်။ ဒီနေရာမှာ နှင်းဆီပါတီနဲ့တော့  အတော်လေးကွာပါတယ်။ နှင်းဆီပါတီဥက္ကဋ္ဌအနေနဲ့ သူကိုယ်တိုင် ထောင်ထဲမှာ  ရှိနေတာတောင်  အပြင်မှာကျန်နေတဲ့ CEC  တွေနဲ့ ပါတီမှတ်ပုံပြန်တင်ဖို့  ဆုံးဖြတ်တာက လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ 

🔹နောက်တစ်ခု ယူဆစရာရှိတာက   ဦးအောင်ကြည်ညွှန့်တို့ ဖွဲ့စည်းထားတဲ့  အဝေးရောက် CWC က  NLD ပါတီရဲ့  ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းအပါအဝင် ဗဟိုကော်မတီဝင်တြွေဖစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့  မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတဲ့ကိစ္စပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး  ဦးတိုးလွင်နဲ့ ဒေါ်စစန္ဒာမင်းတို့ကတော့ ဒီလုပ်ရပ်တွေအပေါ် လက်သင့်ခံထားတာမရှိသလို ဦးအောင်ကြည်ညွှန့်တို့ရဲ့ CWC ဖွဲ့စည်းထားတဲ့ကိစ္စရပ်ကိုလည်း  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်သင့်ခံခွင့်ပြုပေးထားခြင်းမရှိဘူးလို့လည်း  ပြောကြားထားတာတွေ့ရမှာဖြစ်ပါတယ်။


🔹ဒါ့ကြောင့် အပြင်မှာဒီလိုကိစ္စပြသနာတွေ ရှိနေတာတောင်  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်  CEC က ပါတီကို အမှန်တကယ်ကိုယ်စားပြုပါတယ်လို့ ပြောကြားခဲ့တာမတွေ့ခဲ့ရတာက  ပါတီဆက်လက်ရှင်သန်  ရပ်တည်ဖို့  ခက်ခဲသွားစေခဲ့တယ်လို့  မြင်မိပါတယ်။ ဒီလုပ်ရပ်တွေကို ကြည့်ရင် ပြည်တွင်းမှာ  ရှိတဲ့ CEC တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လွန်ဆန်နိုင်ခြင်းမရှိတာတွေ့ရသလို  ဒီလိုပါတီကို  မှတ်ပုံပြန်မတင်ဖို့ဆုံးဖြတ်တာဟာ ပြည်ပရောက် CWC တွေကို  လက်ရှိလုပ်ရပ်တွေအတိုင်း အကြမ်းဖက်မှုတွေနဲ့ ဆက်ပြီးတော်လှန်စေတော့ဆိုတဲ့ အတွေးလည်း ဖြစ်စေပြန်ပါတယ်။

🔹ဘာပဲဖြစ်ဖြစ် NLD ပါတီအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှု  ကဏ္ဍတစ်ခုကတော့ နိဂုံးချုပ်သွားခဲ့ပါပြီ။  ပါတီမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉(က)/(ခ)အရလည်း မြန်မာပြည်တဝန်းလုံးမှာရှိတဲ့  ပါတီပိုင်  ပစ္စည်းတွေဟာ နိုင်ငံတော်ကို  အပ်ရပါလိမ့်မယ်။  ရုပ်ဝတ္ထုတွေ ပျက်စီးရခြင်းဆိုတာထက်  ဒီပါတီကိုချစ်လို့ ခြေစုံပစ်ဝင်ထားတဲ့  အရည်အချင်းရှိတဲ့ ပါတီဝင်တွေကိုပါ ဆုံးရှုံးရမှာကတော့ မိ‌အေး  နှစ်ခါနာ   ဆိုတဲ့ပုံစံလိုပါပဲ။

အရင်  သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာတော့  NLD ပါတီဟာ နိုင်ငံရေးလမ်းကြောင်းကို  တကြိမ်ထပ်မံပြီး ဝင်ရောက်နိုင်ခဲ့သေးပေမယ့် လက်ရှိ NLD  ပါတီရင်ဆိုင်နေရတဲ့ အခြေအနေက  အရင်အခြေအနေတွေနဲ့ အရမ်းကို ကွဲပြား ခြားနားလွန်းပါတယ်။  လက်ရှိအောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့  အမှုပြသနာတွေ၊ သူမရဲ့ အသက်အရွယ်တွေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို တိတိကျကျ ရွေးချယ်သွားတဲ့ ပါတီဝင်တွေရဲ့ ရွေးချယ်မှုဟာ ကိုယ့်ပါတီကို နိုင်ငံရေးလမ်းကြောင်းကနေ တွန်းချလိုက်တဲ့ လုပ်ရပ်ပါပဲ။ သေချာတာကတော့ ဒီတခေါက်  NLD ပါတီဟာ  ပြန်လမ်းမဲ့လမ်းကို လျှောက်လှမ်းသွားခဲ့ကြပါပြီ။

#ဖိုးစီ

Post a Comment

Previous Post Next Post