ငွေမရှာနိုင်တဲ့ NUG ပြသနာ ဘယ်အထိ စခန်းသွားမလဲ

မနေ့က  တနိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတဲ့ ကိစ္စက   အမေရိကားရောက် NUG/NLD  ရဲ့ လော်ဘီ တစ်ယောက်ဖြစ်တဲ့  ပန်ဆယ်လိုရဲ့ စူပါမားကပ်  စဖွင့်တာကနေ  ဇာတ်လမ်းစပါတယ်။ ပြောချင်စရာဖြစ်ခဲ့တာက  အမေရိကားရောက်မြန်မာတစ်ယောက်အနေနဲ့ နှစ်ရှည်   နာရီနဲ့ ချီပြီး  စုဆောင်းရင်တောင် ခုလိုဆိုင်မျိုးဖွင့်နိုင်ဖို့ မလွယ်တဲ့အချိန်မှာ မြန်မာပြည်ကနေ  ခွေးပြေးဝက်ပြေး  ပြေးတဲ့သူက ၂ နှစ်အတွင်းမှာ  ဒီလို ဆိုင်မျိုးဖွင့်နိုင်ခဲ့တဲ့အပေါ်မှာ  ဝေဖန်မှုတွေများခဲ့ကြတာ  တွေ့ရတယ်။ 

အထူးသဖြင့်  အမေရိကားမှာ  ဆိုင်ခန်းငှားခအပါအဝင် အာမခံကြေးတွေပါ ထည့်တွက်ရင် မြန်မာငွေ သိန်း ၁ သောင်း၊   ဒေါ်လာငွေ ၃ သိန်းဝန်းကျင်လောက်  ကုန်နိုင်တဲ့  အနေအထားမှာ ဘာအလုပ်အကိုင်မှ မရှိဘဲ  ဖွင့်နိုင်ဖို့ဆိုတာ အတော်လေးကို  မလွယ်တဲ့အနေအထားတစ်ခုပါပဲ။  ဒါ့ပေမယ့် ဒီ ၂ နှစ်အတွင်းမှာ ပြည်ပရောက်မြန်မာတွေနဲ့ ပြည်တွင်းကနေ လှူဒါန်းတဲ့ အလှူငွေဟာ ဒေါ်လာ ၈ သန်း ပမာဏရှိတယ်လို့ ဆိုပြန်တော့  အလှူခံပေးတဲ့ အလုပ်အတွက်ကြောင့် NUG က ပါဆင်းနိတ်  နဲ့ ပြန်ပေးမယ်ဆိုရင်တောင် ၃  သိန်းလောက်ကတော့ ပြောပလောက်တဲ့ အနေအထားမဟုတ်ပြန်ဘူး။  

ဒါပေမယ့် မြေပြင် PDF တွေရဲ့  အယူအဆက အဲလိုမဟုတ်ဘူး။  DRAGONFLY PROJECT မှာ ဒေါ်လာ ၂ သန်း  စံချိန်တင်ရရှိတယ်ဆိုတဲ့  အကြောင်းကို  ၂၀၂၂  ခုနှစ်  ၄ လပိုင်းတုန်းက DVB သတင်းဌာနက ဖော်ပြခဲ့တယ်။  ဒါပေမယ့်မြေပြင်မှာ  အဲဒီလက်နက်တွေ  ရောက်မလာဘူး။  ဆိုတော့  အဲ့ဒီ ဒေါ်လာ ၂ သန်းဟာ ဘယ်ရောက်သွားတာလဲဆိုပြီး  မေးလာတဲ့ မေးခွန်းပဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြတ်အောင်နဲ့ ပန်ဆယ်လို တို့ ငြခဲ့ကြသေးတယ်။ 

ဒီလို  ပြသနာတွေဖြစ်လာတော့  တော်လှန်ရေးမအောင်မြင်မှာစိုးတဲ့ လူအုပ်စုရယ်၊  ပန်ဆယ်လို  စူပါမားကပ်ကြီး  ဟီးနေအောင် ထဖွင့်လိုက်တော့ မြေပြင်မှာ အလှူငွေ ဆက်မရတော့မှာကြောက်တဲ့ အုပ်စုရယ်၊ ပန်ဆယ်လို ဘုန်းတော်ဖွဲ့ကို  ပါးစပ်မှာ   အာပေါက်မတက်ပြောတတ်ကြတဲ့  လူတစ်စုတွေကတော့ ပန်ဆယ်လိုဘက်က သိသိသာသာ နာပေးတတ်ကြတယ်။ (စိတ်ထဲမှာတော့  အောင့်သက်သက်နေကြမှာပါပဲ)  ဒါပေမယ့်  NUG အနာဂတ်မှာ ဖြေရှင်းရမဲ့  ပြသနာက  သူတို့ နစကကို တော်လှန်နေတဲ့ ဒီတော်လှန်ရေးအတွက် အသက်တမျှအရေးပါ အရာရောက်တဲ့ ဘဏ္ဏာငွေရှာဖွေစုဆောင်းရေးကိစ္စတွေမှာ  ပန်ဆယ်လို တို့လို social influencer တွေအပေါ်ကို သွားမှီခိုနေရတာက အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်နေတာပါပဲ။ 

NUG ရဲ့ထိပ်ပိုင်းမှာ  တာဝန်ထမ်းဆောင်နေတဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေမှာ ပြည်သူတွေက  အသက်တမျှ ချစ်ရတဲ့  သူတွေ တစ်ယောက်မှ  မရှိဘူး။  ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့  ရှေ့ဆောင်လမ်းပြဖြစ်နေကြလို့သာ နောက်လိုက်သဘောမျိုးနဲ့ဝန်းရံပေးခဲ့ကြတယ်ဆိုတဲ့ အဆင့်ပဲရှိကြတယ်။ ခုချိန်  မြေပြင်က PDF တွေကို  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အပေါ် ဘယ်လောက် ယုံကြည်မှုရှိသလဲ  မေးရင်သူတို့ဆီမှာ အဖြေရှိမှာမဟုတ်လောက်ဘူး။  ပန်ဆယ်လို ရှာထားပါတယ်ဆိုတဲ့ ဒေါ်လာ ၈ သန်းစလုံးသာ  မြေပြင်ကို  ရောက်လာခဲ့ရင် သူတို့  ခုထက်ပိုတဲ့အခြေအနေကို  ဖန်တီးနိုင်ခွင့်ရချင်ရကြမှာလို့ပဲ  ပြောချင်ပြောကြလိမ့်မယ်။   

 NUG ဟာ  ပြည်တွင်း/ပြည်ပ  က NLD ထောက်ခံသူတွေရဲ့   ပေးစာကမ်းစာတွေနဲ့ရပ်တည်နေကြရတယ်။ တဖက်မှာ   ပန်ဆယ်လိုတို့လို  social influencer  အားကောင်းတဲ့သူတွေကို မှီခိုနေကြရသလို မြေပြင် PDF တွေကလည်း   ပြည်သူတွေဆီက အခွန်ကောက်ရင်းနဲ့ပဲ   ရပ်တည်နေကြရတယ်။ မြေပြင်မှာ  ဖွဲ့စည်းထားတဲ့ အဖွဲ့အသီးသီးကလည်း တနိုင်တပိုင် ဟိုဟာ  ကမ်းပိန်း ၊ ဒီဟာကမ်းပိန်း၊  ဟိုဟာ ပရောဂျက်၊  ဒီဟာ ပရောဂျက်ဆိုပြီး ပိုက်ဆံရှာ  အလှူခံနေကြရတယ်။  ပန်ဆယ်လိုဆီက လာတဲ့ တဆင့်ခံ ငွေကြေးနဲ့ ရပ်တည်နေရတဲ့  NUG အနေနဲ့ကတော့ ဆိုင်ဖွင့်ဖို့ ကနဦး ဒေါ်လာ ၃ သိန်းလောက်ကုန်ကျနိုင်တဲ့ ပန်ဆယ်လိုရဲ့ စီးပွားရေးအပေါ်မှာ ဘာမှ ကန့်ကွက်တာတွေ၊ ရှု့ချသံတွေ ကြားရမှာမဟုတ်ဘူး။  (ရှုံချမိရင်လည်း  ကိုယ့်အမြီး ကိုယ်ပြန်တက်နင်းသလို  ဖော်ကောင်လုပ်ခံကြရမှာ) ။

အမေရိကားကို ဘယ်သူမှ စမပြေးခင် အရင်ရောက်လာပြီးခွက်ခေါက် အလှူခံတဲ့  ပန်ဆယ်လိုက စူပါမားကပ်တွေဖွင့်ပြီး သူဌေးဘဝ အော်တိုမတ်တစ် ဖြစ်နေချိန် မင်းမော်ကွန်းမိန်းမက  တနေ့ အလုပ် ၃  ခုလောက်လုပ်ပြီး အာဇာနည်က ဆူရှီလိပ်နေတဲ့ _ သူတို့တော်လှန်ရေးအနေအထားက ရီစရာတော့ကောင်းသား။ ဒါလည်း  တချို့က  အမှတ်သည်းခြေမရှိနိုင်လောက်ပါဘူး။ "သူများချမ်းသာဖို့ _သူတို့ချွေးနဲစာလေးတွေ"  ထပ်ပြီး  လှူတန်းပေးချင်ပေးနေကြဦးမှာ။ 🤓

Post a Comment

Previous Post Next Post