SME လုပ်ငန်းများအား ဥရောပသမဂ္ဂမှဆက်လက်ကူညီမည်


ပြည်တွင်းရှိ SME လုပ်ငန်းများကို ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း European Union in Myanmar (ဥရောပသမဂ္ဂ) က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ဥရောပသမဂ္ဂ၏ ARISE PIus programme သည် စိုက်ပျိုးရေးကဏ္ဍနယ်ပယ်ရှိ အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်တောင်သူ လယ်သမား ၆၀၀၀ကျော်တို့၏ ဝင်ငွေ နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အချို့သောပံ့ပိုးမှုများ ကူညီပေးခဲ့သည်။

ပြည်တွင်း အသေးစား ၊ အလတ်စား SME လုပ်ငန်းများအတွက် ဥရောပသမဂ္ဂ၏ အစီစဉ်မှ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခြင်းနှင့် ရေရှည်တည်တံ့သည့် နည်းပညာမျှဝေခြင်းများလည်း ပြုလုပ်​ပေးထားသည်။

🇲🇲🇪🇺🇲🇲🇪🇺🇲🇲🇪🇺🇲🇲🇪🇺🇲🇲🇪🇺

Post a Comment

Previous Post Next Post