မယုံနဲ့

နေ့စဉ်နှင့်အမျှ ခေါတ်သစ်ရဲ့ တင်နေတဲ့ သေဆုံး၊ ကျဆုံး စာရင်းအင်အားကိုကြည့်ခြင်းအားဖြင့် စစ်တပ်ကသာလျှင် အကျအဆုံးများပြီး PDF တွေရဲ့ အကျအဆုံးအမြဲတမ်းနည်းနေတာကို တွေ့ရှိရပါတယ်။

Mizzima ရဲ့ တင်ထားတဲ့ ပို့စ်မှာ စစ်သား ၃၀၀ ကျဆုံးလို့ ရေးသားထားတာတွေ့ရှိရကာ စစ်တို့ရဲ့ သဘောသဘာဝအရ အင်အား ၃၀၀ ဆိုရင် အင်အား ၁၀၀၀ နဲ့ တိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ အင်အား ၃၀၀ တကယ်ကျတယ်ဆိုတာ ယုံကြည်ပေးလို့ရမှာပါ။ ထို့အတူ စစ်တပ်က ၃၀၀ ကျတယ်ဆိုရင် PDF ဘလောက်ကျသလဲ? ဥပမာ အားဖြင့် သူလည်း ၃၀၀ ပါပဲ။ ဒါဟာ အနည်းဆုံးအင်အားကိုဆိုလိုခြင်းဖြစ်ပါတယ်။ ပိုနိုင်သလို လျော့လည်း လျော့နိုင်ပါတယ်။ သို့သော် နိုင်ငံတစ်ခုရဲ့ တပ်မတော်တစ်ခုကို အင်အား ၃၀၀ ကျဆုံးအောင် တိုက်ခိုက်နိုင်တယ်ဆိုရင် မနေ့တနေ့ကမှ စစ်တိုက်တဲ့ PDF တွေဘက်မှာ အင်အား ၁ ထောင်ဝန်းကျင် ကျဆုံးနိုင်တယ်ဆိုတာ လက်ခံပေးလို့ရမလား? နှစ်ပေါင်း ၇၀ ကျော် တိုက်ခိုက်လာတဲ့ တပ်မတော်ကို စစ်တပ်ကသာ အကျအဆုံးအမြဲတမ်းများပြီး တစ်ဘက်မှာ ကျဆုံးအင်အားမရှိသလောက် ဖော်ပြနေတာဟာ ယုံကြည်ပေးလို့ရလား?
#MinZawLwin

Post a Comment

Previous Post Next Post