နစကဒုတိယဥက္ကဌ ဗထူးတပ်နယ်မှသင်တန်းသားများနှင့်​တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့်  တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းသားများအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်း(ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းခန်းမ တို့တွင် သီးခြားစီ တွေ့ဆုံ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ လည်းကောင်း အမှာစကားပြောကြားပါတယ်။


6th၊Apr၊MMG

Post a Comment

Previous Post Next Post