လေ​ဘေးသင့်​နေရာများအား နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုလှူဒါန်း

MNP ၊ ဧပြီ ၂၂
ယမန်နေ့ က လေဆင်နှံမောင်း တိုက်ခိုက်ပြီး ပျက်စီးသွားသော လယ်ဝေးမြို့နယ်အတွင်းမှ တံတားဦးနှင့် အောင်မြင်ကုန်း ကျေးရွာများသို့ နိုင်ငံတော်ဝန်ကြီးချုပ် သွားရေားကြည့်ရှုပြီး ရွာသူ/ရွာသားများအတွက် လိုအပ်သည်များ စီမံဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်က အပြိုအပျက်များအားလုံးကို ရှင်းလင်းဖယ်ရှားပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ရွာသူရွာသားများ၏ နေအိမ်များ အားလုံးကို ပြန်လည်ဆောက်လုပ်ပေးနိုင်ရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကိုကိုလွင်
#MyanmarNationalPost

Post a Comment

Previous Post Next Post