မိမိတို့အင်အားကိုတိုးချဲ့ပါ

တပ်မတော် ကြည်းရေလေမဏ္ဍပ်မှာ ခံ၀န်ထိုးထားတဲ့

အနုပညာရှင်တွေဖျော်ဖြေပေးကြတယ်...

အဲ့လို တပ်မတော်မဏ္ဍပ်မှာဖျော်ဖြေပေးလို့

သူတို့နဲ့အလုပ်လုပ်တဲ့ကုမ္ပဏီတွေကို လက်တွဲဖြုတ်ဖို့

လက်တွဲမဖြုတ်ရင် Boycott လုပ်မယ်ဆိုပြီးဖိအားပေးနေကြပြီ

အဲ့လိုတောင်းဆိုမှုတွေကြောင့်ပဲ G-SHOCK,

NESCAFE , DECOLGEN တို့က စိုင်းစိုင်းခမ်းလှိုင်ကို

Brand Ambassadorအဖြစ်ကနေရပ်နားလိုက်ကြတယ်

အာဏာထိန်းကာစကဆို သိသိသာသာထင်ထင်ရှားရှား

Mytel Boycott ဆိုပြီး WavePay က Mytel

Bill service ကိုပယ်ဖျက်ခဲ့တယ် ....

အစိုးရအာဏာစက်သက်ရောက်တဲ့နေရာမှာရှိနေပြီး

အကြမ်းဖက်အဖွဲ့အဖြစ်ထုတ်ပြန်ထားတဲ့အဖွဲ့တွေနဲ့

၎င်းတို့ကိုထောက်ခံအားပေးသူတွေ boycott လုပ်မယ်ပြောတိုင်း

သက်ဆိုင်ရာ ကုမ္မဏီတွေကလိုက်လျောပေးနေခြင်းကလည်း

အကြမ်းဖက်ကိုသွယ်ဝိုက်အားပေးခြင်း တည်ဆဲအစိုးရကို $ကရုမစိုက်ခြင်းပင်မဟုတ်ပါလား...

အဲ့လို အကြမ်းဖက်အားပေးတွေစိတ်တိုင်းကျလိုက်ပါဆောင်ရွက်ပြီး

အကြမ်းဖက်ကိုသွယ်ဝိုက်ထောက်ခံ

အစိုးရကိုလူမထင်တဲ့ကုမ္ပဏီတွေကို

နစကအနေနဲ့ဒီတိုင်းလွှတ်ထားတော့မှာလား

ခံ၀န်ထိုးပြီး အေးချမ်းစွာ‌ပြန်နေမယ့်အနုပညာရှင်တွေကိုလည်း

ကာကွယ်ပေးဖို့တာ၀န်တွေ အစိုးရမှာမရှိဘူးလား

အနုပညာရှင်‌တွေနဲ့ ကြားနေတွေရဲ့ဘ၀က

နီမယ်ဆိုတော့လည်း ၀ရမ်းပြေးဖြစ် အဖမ်းခံရ ချိတ်ပိတ်ခံရ

မနီဘဲ ဥပဒေဘောင်အတွင်နေတော့လည်း အစိုးရရဲ့ဥပဒေအရ အကာအကွယ်ပေးမှုကိုမရ

အားလုံးကိုကြောက်နေရ

ထောက်ခံသူတွေကို အပြည့်အ၀ကာကွယ်ပေးပြီး

ဥပဒေအရတိကျစွာအကွာအကွယ်ပေး

အကြောက်တရားဖယ်ရှားပေးခြင်းဖြင့်

မိမိတို့အင်အားကိုတိုးချဲ့ပါအဘတို့ရေ

#KoHtut

Post a Comment

Previous Post Next Post