အပူ​ရှောင်စခန်းများသို့ လူကယ်ပြန်ဝန်ကြီး​ဒေါက်တာသက်သက်ခိုင် သွား​ရောက်ကြည့်ရှုလှူဒါန်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသော အပူရှောင်စခန်းတွင် ရောက်ရှိနေသည့် ပြည်သူများကို တွေ့ဆုံအားပေး

MNP ၊ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တစိန္တာသာရအား ဖူးမြော်ကြည်ညို၍ ဩဝါဒများခံယူကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

Post a Comment

Previous Post Next Post