ပြည်သူတွေ သိကုန်ပြီ နားလည်ကုန်ကြပြီ

မင်းတို့မယုံရင် မိုင်းခွဲတဲ့ပိုစ်၊ မီးရှို့တဲ့ပိုစ်၊ ဘလိမ်းတဲ့ ပို့စ်တွေအောက်က ကွန့်မန့်တွေကို လိုက်ဖတ်ကြည့်ကြကွာ။ မင်းတို့ရဲ့ နွေဦးတော်လှန်ရေးက များမကြာမီ လေးရူးနဲ့အတူ ပျောက်ကွယ်ရတော့မှာ။
ပြောတာကို မယုံပဲ စမ်းတဝါးဝါးနဲ့ တောထဲမှာ ကျန်ခဲ့ရင်တော့ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အမှောင်ထဲကနေအလင်း၊ တောထဲကနေမြို့ပေါ်ကို တက်လာခဲ့လိုက်တော့။

မင်းတို့ပေးဆပ်ခဲ့တာလည်း အခုဆို ၃ နှစ်ထဲဝင်လာပြီ။ မင်းတို့ယုံကြည်ခဲ့တဲ့ nug ကကော တိုင်းပြည်ကောင်းဖို့ ဘာလုပ်ပြနိုင်ခဲ့လို့လဲ။ အကြောင်းအမျိုးမျိုးပြ အလှူခံပြီး ပြည်သူပိုင် လမ်း၊ တံတား၊ အဆောက်အဦ တွေကိုပဲ ဖျက်စီးခိုင်းနေတာမလား။

ဒါ့အပြင် လက်နက်မဲ့ ပြည်သူတွေကိုပဲ နည်းအမျိုးမျိုးနဲ့ သတ်ခိုင်းနေတာမလား။ အဲတော့ ဇာတ်မျောကြီးကို ဆက်ကမနေကြနဲ့။ လူဘဝရောက်တုန်း တန်းဖိုးရှိအောင် နေသွားကြဖို့ မိဘရင်ခွင်ကို အမြန်ပြန်လာခဲ့ကြတော့။

#DGF21News

Post a Comment

Previous Post Next Post