လွတ်ငြိမ်းဖြင့်ပြန်လွှတ်​ပေး​သော်လည်း အကြမ်းဖက်အား​ပေးမှုများပြုလုပ်သဖြင့် ထပ်မံဖမ်းဆီး

"လွတ်ငြိမ်းနဲ့ လွတ်လာပြီးမှ ထပ်မံဇောင်းကြွနေတဲ့ သံဖြူဇရပ်က အကြမ်းဖက်အားပေး နိုးနိုးဇင်ကို ဒုတိယံပိဖမ်းလိုက်ပြန်ပြီ"

နစကမှ စေတနာအပြည့်အဝဖြင့် လွတ်ငြိမ်းချမ်းသာပေးကာ ထောင်မှလွှတ်ပေးလိုက်သော်လည်း ထမိန်ခြုံမှိုင်း အကြီးကြီးမိကာ အွန်လိုင်းပေါ်၌ ထပ်မံဇောင်းကြွနေသည့် သံဖြူဇရပ်မြို့မှ နိုးနိုးဇင် ဆိုသူ အကြမ်းဖက်အားပေးအမျိုးသမီးကို နှစ်ထပ်ရှိမှ မှတ်မိမှာမို့ လုံခြုံရေးတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း၌ ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။

၎င်းအမျိုးသမီးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံရပြီး ထောင် ၁ နှစ်ကျခံရကာ လွှတ်ငြိမ်းဖြင့်ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထောင်မှ လွတ်လာသော်လည်း ဇောင်းကြွမြဲကြွကာ အွန်လိုင်းပေါ်တွင် အကြမ်းဖက်မှုမိား ဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် ထပ်မံဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် ယခင်ထောင်ကြွေးကျန်သာမက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ ဖြင့်ပါ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post