ဂုဏ်သိက္ခာအတွက်စစ်တိုက်သောလူမျိုး


အဂ်လိပ်နယ်ချဲ့ကို မနိုင်မှန်းသိပေမဲ့
ပုဂံဗိုလ်ချိုတို့ဟာဂုဏ်သိက္ခာအတွက်
စစ်တိုက်ခဲ့တယ်။
အံကြိတ်တောက်ခေါက်ပြီးတော့ ဘဝအဆက်ဆက်မြန်မာနိုင်ငံကို ကာကွယ်နိုင်ရပါ၏လို့
သစ္စာဆိုစစ်တိုက်ခဲ့တယ်။

တကွဲတပြားဖြစ်နေတဲ့ မြန်မာမင်းနေပြည်ကို စုစည်းနိုင်ဖို့
အလောင်မင်းတရားဟာ ဂုဏ်သိက္ခာအတွက် စစ်တိုက်ခဲ့တယ်။
ဆင်ဖြူရှင်မင်းလက်ထက်မှာ စစ်ပွဲ၄ကြိမ် မန်ချူးတွေနဲ့ စစ်တိုက်ခဲ့တယ်။

တရုတ်ဖြူကူမင်တန်တွေနဲ့ စစ်တိုက်ခဲ့တယ်။
တာတာတွေနဲ့ စစ်တိုက်ခဲ့တယ်။
ဗကပလိုပြည်တွင်းသောင်းကျန်းသူတွေနဲ့
စစ်တိုက်ခဲ့တယ်။
သူပုန်သူကန်မရှိလက်နက်ကိုင်မထကြွရင် စစ်တိုက်စရာမလိုပါ။
အချူပ်အချာအာဏာတည်တံ့ဖို့ စစ်တိုက်ခဲ့တယ်။
ဘိုးဘွားပိုင်မြေတွေတလက်မမှ မဆုံးရှုံး မပျောက်ပျက်ဖို့
ဂုဏ်သိက္ခာအတွက်
စစ်တိုက်ခဲ့တယ်။

အာဏာရှင်အတွက်
စစ်တိုက်တာမဟုတ်ဘဲ
ဒီတိုင်းပြည် ဒီလူမျိုး
တည်တံခိုင်မြဲနေဖို့
ဂုဏ်သိက္ခာအတွက်
စစ်တိုက်ခဲ့တယ်။

ငါနိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်
ငါ့၏အသက်ကို စွန့်လွန့်ရန် အဓိဋ္ဌာန်ပြုပါ၏လို
သစ္စာဆိုတာနဲ့
သွေးတွေပွက်ပွက်ဆူ
မြန်မာ့သွေးအပြည့်နဲ့
အသက်ကိုပဓာနမထား
ဂုဏ်သိက္ခာအတွက် စစ်တိုက်ခဲ့တယ်။

တိုင်းပြည်ကိုချစ်စိတ်နဲ့ ဂုဏ်သိက္ခာအတွက် စစ်တိုက်သောလူမျိုးဟာ မြန်မာလူမျိုးဖြစ်တယ်။

NayMyoMyanmar
(4-4-23/Tue)

Post a Comment

Previous Post Next Post