အနာဂါတ်မှာ နန်းချ ခံရလိမ့်မယ်

*.           * #အနာဂါတ်အလားအလာ *

   ပြည်တွင်း နိုင်ငံရေးပဲဖြစ်ဖြစ်'နိုင်ငံတကာနိုင်ငံရေးပဲဖြစ်ဖြစ်
အလားအလာဆိုတဲ့ Potentiality ဆိုတာ အရေးကြီးတယ်၊ 
Vision လို့ပြောရင်လဲရတယ်။

    အမေရိကန်ခေတ်မရောက်ခင်က အမေရိကန်ဟာ ဧကစာရီကျင့်ကြံသူခပ်သေးသေးက တဖြည်းဖြည်းကြီးလာတာပဲ၊
 ရှေးအမေရိကန်တွေ အမြှော်အမြင်ရှိပြီးVision ကောင်းခဲ့တယ်၊
 ဒါကြောင့် FX နဲ့ပါတ်သက်ပြီးUSDဟာ ကမ္ဘာ့အရံငွေအများဆုံး
ငွေကြေးဖြစ်ခဲ့တယ်၊

        ပုန်ကန်သူ မပေါ်တာ အကောင်းဆုံးပဲ
ပုန်ကန်သူပေါ်လာရင် အနှေးအမြန်ထိခိုက်တတ်တာ သဘာဝပါ၊ 
         အခု! အမေရိကန် ဒေါ်လာ' ပုန်သူ ပေါ်လာပြီ၊
  ယွမ်'ရော! ရူဘဲလ်'ရော!…ချက်ခြင်းတော့ ဘယ်ကြီး ဦးမလဲ။

    ကြည့်ပါ…BRICS နဲ့ပူးပေါင်းလာတာ နိုင်ငံ (၃၀) ရှိသွားပြီ။
       Belt and Road ဖက်မှာ နိုင်ငံပေါင်းက (၁၆၀)
စွမ်းအင်အကြပ်အတည်းကာလမှာ ဆော်ဒီနဲ့ အီရန်ကိုပေါင်းပေးပြီး
တရုတ်ကောက်စားတဲ့အကွက်က ပီပြင်လာတဲ့
Game changing ပဲ။

       အရင်က… US $ ဟာ World reserve ရဲ့ 60%+
အခု!60% -  ဖြစ်သွားပြီ၊ ဒါကိုက မကောင်းတဲ့ ညွှန်းကိန်း၊ 
လားရာ Trend ကိုပြနေတာ။
    အမေရိကန်ကို စွန့်ခွာသူ ပိုများလာတာကို ငြင်းမဲ့သူမရှိဘူး။
အမေရိကန်ရဲ့ ဆန့်ကျင်ဖက်နဲ့ ပူးပေါင်းမှု ပိုများလာတာလည်း
လက်တွေ့ပဲ၊

    ဒီတော့!…ဒီနေ့အခြေအနေကို ကျောက်ချပြီး ငြင်း'နေရင်…
အမေရိကန်က အပေါ်စီးမှာ ရှိနေဆဲ ဆိုတာမှန်ပေမဲ့!
         ရေးပြနေတာက အနာဂါတ်အတွက်၊
       ဒါကိုတော့ ကွဲကွဲပြားပြား သိထားဖို့'လိုပါတယ်၊

     $ ကို ပုန်ကန်သူဖက်က အင်အား ကြီးလာတဲ့ အတွက်!…
          အနာဂါတ်မှာ နန်းချ ခံရလိမ့်မယ်၊

Ba Maung   😅

Post a Comment

Previous Post Next Post