နစကအစိုးရရဲ့ ကာလသုံးပါး


၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တယ်။ နိုင်ငံရေးပါတီများက ဖြေရှင်းဖို့တောင်းဆိုတယ်။ မဖြေရှင်းဘူး။ တပ်မတော်က ဖြေရှင်းဖို့ တိုက်တွန်းတယ်။ မဖြေရှင်းဘူး။ မဲတွေ စစ်မယ်ဆိုတော့လည်း အစစ်မခံဘူး။ အစိုးရသစ်ဖွဲ့ဖို့ ကြံစည်တယ်။
အစိုးရသစ်ဖွဲ့စည်းဖို့ တတိယအကြိမ်လွှတ်တော်ခေါ်မယ့် ညမှာပဲ တပ်မတော်က ရုတ်တရက် ဆောင်ရွက်လိုက်ရတယ်။ အဲဒီလို ဆောင်ရွက်ပြီးချိန်မှာ တပ်မတော်က ဘာကြောင့် တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့တယ်။ သတင်းစာရှင်းလင်းပွဲတွေကနေတဆင့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ရှင်းလင်းပြောဆိုခဲ့သလို တပ်မတော်အကြီးအကဲများအနေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက အရာရှိ၊ စစ်သည်တွေနဲ့ တွေ့ဆုံတိုင်းမှာလည်း ရှင်းလင်းပြောဆိုခဲ့တယ်။ 
တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရကြောင်း ရှင်းလင်းပြောဆိုနေချိန်မှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူများက သွေးရူးသွေးတန်းဖြစ်နေကြပြီ။ အာဏာရဲ့ အရသာကို သိသွားပြီဖြစ်တဲ့အတွက် အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ မြောက်လက်သစ်ကိုင်းလွတ်ဆိုသလို သွေးရူးသွေးတန်းဖြစ်ပြီး တပ်မတော်က က အာဏာလုယူပါတယ်လို့ လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြပြီ။ NLD ဦးဆောင်သူများနဲ့အတူ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အနောက်အုပ်စုမီဒီယာတွေနဲ့ ခွေးဝဲစားမီဒီယာတစ်စုက ပေါက်ကရ ပေါက်ပန်းစေး ရေးသားလှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်လာကြပြီ။
တပ်မတော်က ဦးဆောင်ပြီး နစကအစိုးရဖြစ်ပေါ်လာခဲ့တယ်။ တပ်မတော်အနေနဲ့ တပ်မတော်အနေနဲ့ မိမိသဘောဆန္ဒအလျှောက် ဆောင်ရွက်ခွင့်ရှိသော်လည်း နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ နစက ကို ဖွဲ့စည်းခဲ့တယ်။ နိုင်ငံရေးသဘောသဘာဝကို မှန်မှန်ကန်ကန် နားလည်မယ်ဆိုရင် တပ်မတော်က ဖွဲ့စည်းခဲ့တဲ့ နစကအစိုးရဆိုတာ တကယ့်ကို ပြည်ထောင်စုအစိုးရပုံစံ အစစ်အမှန်ဖြစ်တယ်။ နစကအစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားခေါင်းဆောင်အားလုံး ပါဝင်တယ်။ နိုင်ငံရေးသမားတွေလည်း ပါဝင်တယ်။ ပြည်သူတွေ လိုလားတောင်းတတဲ့ ပြည်ထောင်စုအစိုးရဆိုတာကို တပ်မတော်က ပုံဖော်ပေးခဲ့တယ်။
သို့ပေသော် အများစုက နားမလည်ဘူး။ အာဏာလက်မဲ့ဖြစ်ပြီး သွေးရူးသွေးတန်း ဖြစ်နေတဲ့ NLD ဦးဆောင်သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ လုပ်ကြံဖန်တီး ရေးသားပြောဆိုမှုတွေအပေါ်မှာ နားယောင်ပြီး ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်လာကြတယ်။ အဲဒီကနေတဆင့် အကြမ်းဖက်လမ်းစဉ်ကို တွန်းပို့တော့လည်း ပါသွားကြတယ်။
နစက အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ NLD ပါတီက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသမာသော နည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းလာခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇၊ ၄၁၈ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုပြီးချိန်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်သူများကို အရေးယူဆောင်ရွက်တဲ့ ကာလကို ရောက်ရှိလာပါတယ်။ NLD ပါတီက ဦးဆောင်သူတချို့၊ ၈၈ က နိုင်ငံရေးလုပ်စားသူတချို့ တရားစွဲဆိုခံရတဲ့အချိန်မှာ အလျှိုလျှို ပြည်ပကို ထွက်ပြေးသွားကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုတွေကို ထပ်ဆင့်ဖြန့်ဝေလှုံ့ဆော်တဲ့ အနုပညာရှင်တချို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာမျိုး ရှိပါတယ်။
တပ်မတော် ဦးဆောင်တဲ့ နစကအစိုးရက တဆင့်ချင်း ပျော့ပျော့ပြောင်းပြောင်း သွားနေပေမယ့် အာဏာလက်မဲ့ ဖြစ်ပြီး သွေးရူးသွေးတန်းဖြစ်နေတဲ့ NLD အစွန်းရောက် အုပ်စုက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုတွေ ကျူးလွန်နေကြပါပြီ။ NLD အစွန်းရောက်တွေ ဖွဲ့စည်းလိုက်တဲ့ CRPH, NUG, PDF က သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါဆောင်ရွက်ခြင်း မရှိတဲ့ မည်သူ့ကိုမဆို သံဃာတော်၊ ဆရာ/ဆရာမ၊ ကလေးသူငယ်ပါမချန် သတ်ဖြတ်ပြီးတော့မှ တော်လှန်ရေးလို့ ကြွေးကြော်နေတာကို တွေ့ရပါတယ်။
နစကအစိုးရကို ဦးဆောင်နေတဲ့ တပ်မတော်အနေနဲ့က ဘာကြောင့် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရသလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့တဲ့ ကာလ၊ အကြမ်းဖက်လှုံ့ဆော်သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်တဲ့ကာလ ကာလအားဖြင့် အပိုင်းအခြား(၂)ကိုတော့ ဖြတ်သန်းလွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အာဏာလက်မဲ့ဖြစ်သွားတဲ့ အာဏာရူးတွေကတော့ တစ်ဆင့်ချင်းမဟုတ်ဘဲ အလုံးစုံပျက်သုဉ်းရေးကို ဘက်ပေါင်းစုံက လုပ်ဆောင်ခဲ့ကြတာ ဖြစ်တဲ့အတွက် အာဏာအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေရတဲ့ နစကအစိုးရအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက်လည်း တစ်ဖက်က ကြိုးပမ်းရသလို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုံးစုံပျက်သုဉ်းရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကိုလည်း တစ်ဖက်က ကာကွယ်တားဆီးရပါသေးတယ်။ 
ကာလအပိုင်းအခြားအားဖြင့် တိုင်းသူပြည်သားတွေကိုရော နိုင်ငံတကာကိုပါ သိရှိနားလည်အောင် ရှင်းလင်းပြောဆိုရတဲ့ကာလ၊ အကြမ်းဖက်လှုံ့ဆော်သူတွေနဲ့ အကြမ်းဖက်သမားတွေကို ဥပဒေအရဆောင်ရွက်တဲ့ကာလ ဆိုပြီး ကာလ(၂) ခု ဖြတ်သန်းပြီးချိန်မှာ အာဏာရူး NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၅၀၃၃) ဦးအထိ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီအရေအတွက်က အတည်ပြုလို့ ရတဲ့ စာရင်းကိုပဲ ပြောဆိုခြင်း ဖြစ်ပါတယ်။ လူမသိ၊ သူမသိ အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေကလည်း ရှိနေပါသေးတယ်။
အခု ကာလကိုတော့ နစကအစိုးရအနေနဲ့ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားများကို နှိမ်နင်းတဲ့ကာလကို ရောက်လာပြီလို့တော့ ယူဆမိပါတယ်။ ဒါက စာရေးသူက သုံးသပ်တင်ပြတဲ့ ကာလသုံးပါးသား ဖြစ်ပါတယ်။ နစကအစိုးရအနေနဲ့ သတ်မှတ်ချင်မှ သတ်မှတ်ပါလိမ့်မယ်။ အခု ရက်ပိုင်းအတွင်း အကြမ်းဖက်စခန်းများ ရှင်းလင်းဆောင်ရွက်မှု၊ အကြမ်းဖက်သမားများ အသေဖမ်းဆီးရမိမှု၊ အကြမ်းဖက်သမားစိစစ်ဖော်ထုတ် ဖမ်းဆီးမှုများကို တွေ့မြင်လာရပါတယ်။
ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို အဟုတ်ကြီးထင်ပြီး မိုက်မဲနေကြတဲ့ အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံးလမ်းကတော့ တူသောအကျိုးပေးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ငါးထောင်ကျော်ကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြသလို မင်းတို့ရဲ့ လက်သုံးစကားလိုပဲ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုကို ရရှိပါလိမ့်မယ်။
ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူ တွေရဲ့ လုပ်ကြံဖန်တီးပြောဆိုမှုတွေကို အဟုတ်ထင်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်သူအချင်းချင်း ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေကြအုံးမယ်၊ အကြမ်းဖက်လုပ်ရပ်တွေကို ဆင်ကန်းတောတိုး လုပ်နေကြအုံးမယ်ဆိုရင် တူညီသောတုန့်ပြန်မှုကို ရရှိကြမှာပဲ ဖြစ်ပါတယ်။
နစကအစိုးရတာဝန်ယူရတဲ့ ကာလကို သုံးပိုင်းခွဲခြားလိုက်မယ်ဆိုရင် ကာလ(၂)ကို လွန်မြောက်ခဲ့ပြီး ဖြစ်လို့ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားတွေကို အပြတ်နှိမ်နင်းတဲ့အပိုင်းကို မြင်တွေ့လာရလိမ့်မယ်လို့ ယူဆပါတယ်။ ဒါမှလည်း နစကရဲ့ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နစကအစိုးရအနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ပီပြင်အောင် အကောင်အထည်ဖော်ဖို့ အလေးမထားဘူးဆိုရင်တော့ အကြမ်းဖက်သမားတွေအပေါ် ယခင်ကလိုပဲ ပျော့ပြောင်းနေမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်မြေများမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေအပေါ် သုံးသပ်ရရင်တော့ နောက်ဆုံးကာလ (အကြမ်းဖက်နှိမ်နင်းရေး)ကို ပီပီပြင်ပြင် လုပ်ဆောင်နေပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
အသေဆိုးနဲ့ သေချင်တဲ့ PDF တွေ ဆင်ကန်းတောတိုး ဆက်လက်မိုက်မဲ နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် ထံ PDF လူငယ်တချို့က ဆက်သွယ်ပေးပို့လာတဲ့ ရုပ်သံမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA ခိုင်းစေသမျှ ဘုန်းကြီးလည်းသတ်ရ၊ ဆရာ/ဆရာမတွေလည်း သတ်ရတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရတာကို ရင်ဖွင့်ပြောဆိုထားပါတယ်။ KIA က အမျိုးသမီး PDF တွေကို သူတို့ရဲ့ မယားအဖြစ်နဲ့ ကိုယ်ဝန်ရလာရင် ဖြတ်ချ၊ လူပါသတ်ပြစ်တဲ့အထိ ရက်စက်ယုတ်မာမှုတွေကို ခံခဲ့ကြရတာကိုလည်း ပြောဆိုထားပါတယ်။ PDF အကြမ်းဖက်အဖွဲ့ထဲကို ရောက်သွားတဲ့ မိန်းခလေးတစ်ယောက်က ကိုယ်ဝန်ဖြတ်ချရတာ (၃)ကြိမ် ရှိပါပြီ။ PDF ထဲက ထွက်ပြေးချင်လို့ပါဆိုပြီး ရင်ဖွင့် ပြောဆိုထားပါတယ်။
ခင်ဗျားတို့ကို တရားဝင်အစိုးရပါလို့ ဂျင်းထည့်ပြီး အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းပို့ခဲ့တဲ့ CRPH, NUG က ဘယ်ကိစ္စကို တာဝန်ယူသလဲ၊ PDF တွေ ခွေးတိုးဝက်ဝင် သူခိုး ဓားပြ ဖြစ်နေတာကို တာဝန်ခံသလား။ နီပိန်းတွေ တရားဝင်လို့ ထင်နေတဲ့ CRPH, NUG က ဘာဆို ဘာမှ တာဝန်မယူလို့ PDF အကြမ်းဖက်သမားတွေမှာ ဘုန်းကြီးကျောင်းလည်း ဓားပြဝင်တိုက်၊ လစ်တဲ့ နေရာဝင်ခိုး၊ လုယက် သတ်ဖြတ်မှုတွေ ကျူးလွန်နေကြရတာ မဟုတ်လား။
နစကရဲ့ နောက်ဆုံးကာလ (အကြမ်းဖက်နှိမ်နင်းရေး) ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်ကာလကို ရောက်ရှိနေပြီဖြစ်သလို လက်တွေ့ကျကျ နှိမ်နင်းဆောင်ရွက်နေတာကိုလည်း မြင်တွေ့နေရတာ ဖြစ်တဲ့အတွက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေကို မှ တရားဝင်လို့ ထင်နေတဲ့သူတွေ ဆက်မိုက်ကြ။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေ အတွက်ကတော့ PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်နိုင်ရင်လည်း ငွေရတယ်။ PDF တွေ သေရင်လည်း မျက်ရည်ခြူပြီး ငွေရှာလို့ ရတယ်။ ပြည်ပြေး ဝရမ်းပြေးတွေအတွက်ကတော့ ဘယ်သူသေသေ ငွေဝင်တယ်။ ပြည်သူတွေရဲ့ အသက်ကို အရင်းတည်ပြီး ငွေရှာတဲ့ကောင်တွေပေါ့ကွာ။ မင်းတို့ PDF လူရမ်းကားတွေအတွက်တော့ သေလမ်းကိုသွားမလား၊ ထောင်ထဲဝင်မလား (၂)လမ်း ကြိုက်ရာရွေး။

နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost

Post a Comment

Previous Post Next Post