တောင်အာရှ၏ အပူဆုံး ကာလ

သမိုင်းတလျှောက် အဆိုးဝါးဆုံး ၊ အပူဆုံးကာလအဖြစ် လက်ရှိ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဒေသများနဲ့ တရုတ်နိုင်ငံတို့မှာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ထိုင်းနိုင်ငံကတော့ ၂၀၂၃ ဧပြီလ ၁၄ ရက်နေ့က အပူချိန် ၄၅.၄ ဒီဂရီ စင်တီဂရိတ်နဲ့ အပူဆုံး မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်ဖြင့် ဒုတိယ လိုက်ခဲ့ပြီး၊ အိန္ဒိယက ၄၃.၅ နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အမြင့်ဆုံးအပူချိန် ၄၃.၃ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း မကြုံစဖူး ပူပြင်းတဲ့ နွေကာလတစ်ခုကို ဖြတ်ကျော်နေရပါပြီ။ (ကိုးကား။ ဝါရှင်တန်ပို့စ် သတင်း)

၂၀၂၃ မှာကြုံတွေ့ရမည့် အယ်လ်နီညို ဟာ ပြင်းထန်တဲ့ရာသီဥတုမျိုး ဖြစ်ပါတယ်။ ပူပြင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာများအဖြစ် မိုးတိမ်တောင် ရာသီဥတု ပုံစံတွေဖြစ်တဲ့ ရုတ်တရက် မိုးထစ်ချုန်းရွာခြင်း၊ မိုးသီးများကြွေကျခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။ ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို အထက်အညာဒေသမှာ ကြုံတွေ့ခံစားရနိုင်ပါတယ်။ အပူဒဏ်ကာကွယ်ခြင်း နည်းလမ်းများအကြောင်းကိုလည်း ယခင်ဆောင်းပါးမှာ ရှာကြည့်နိုင်ပါတယ်။

လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘ နဲ့ အတ္တစိတ်ဟာ ပူပြင်းတဲ့ နွေထက် ပိုမိုပူလောင်ပါတယ်။ လူသားတွေကြောင့်ပဲ ကမ္ဘာကြီးဟာ တစ နှင့်တစ ပူနွေးဆူဝေလို့ နေပါတယ်။ ဒိအတိုင်းဆက်သွားကြလျှင်တော့ သိပ်မကြာတော့တဲ့ ကာလတစ်ခုမှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့ မရလောက်တဲ့အထိ ပြောင်းလဲသွားတော့မှာပါ။ ထိုကာလမတိုင်ခင်အထိကတော့ အသိဉာဏ်ပညာနဲ့ လိမ္မာတိုးတက်တဲ့ နိုင်ငံတွေသာ ကျန်ရစ်မှာဖြစ်ပြီး..၊ ပညာဉာဏ် နည်းပါးတဲ့ နိုင်ငံများကတော့ ဤဒုက္ခများကို မချိမဆံ့ ခံစားပြီးမှ ကမ္ဘာကြီးပေါ်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားကြမှာပဲ ဖြစ်ပါတော့တယ်။

အနာဂတ် ပညာရေးအတွက် မျှော်လင့်ရင်း..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Post a Comment

Previous Post Next Post