နောင်တ နှင့်သာ အဆုံးသတ် သွားတော့မှာပါ

ရန်ကုန်ကို  Express ကားနဲ့
တက်လာမယ်ဆိုတဲ့ လက်ပြတ်
အယ်လ်ဆေးဝါး အဖွဲ့လည်း
သောင်းရင်းမြစ်ကို တောင် မကျော်
နိုင်လို့ မဲဆောာက်ကို ပြန်ပြေးရပြီ။


ပဒက်ထဲမှာ အွန်လိုင်း နံမည်ကြီးတဲ့
နဂါးတို့ သံမဏိတို့လည်း ဘလူးစစ်ကြောင်းကို ကြောက်လို့ ပတ်ပြေးနေရပြီး အသံတော်တော် တိတ်
သွားပြီ။

ကန့်ဘလူ နယ်စပ်က ရွာလေးနှစ်ရွာ
မှာနေလို့ရတာကို မြန်မာပြည်တစ်ဝက် သိမ်းထားပါပြီး လို့
ထထအော်တဲ့ လရှီးလ နဲ့ ရည်မွန်
လည်း သနားကြပါ ခင်ဗျာ သနားကြပါ ခင်ဗျာ လုပ်ကုန်ပြီ။

ကယားပြည်နယ်နေ့မှာ လှိုင်ကော်ကို
သိမ်းမယ်ဆိုတဲ့ Kpdf လည်း နောက်ထပ် မြို့သိမ်းမယ် ရွာသိမ်း
မယ် မအော်ရဲ တော့ဘူး။

အခြေအနေ အချိန်အခါ ကို ကြည့်ပြီး ကို နိုင်ငံ ကို့ပြည်နယ်၊ ကို့ဒေသ
တည်ငြိမ်အေးချမ်း အောင် ဝိုင်းဝန
ပါဝင် လုပ်ဆောင်ရမည့် အချိန်ပါ။

လက်နက်ကိုင်တိုက်ခိုက်ပြီး စစ်ရေး
နည်းနဲ့ ဘယ်လိုမှ အာဏာပြန်ရလာ
စရာ မရှိဘူး လို့ အကြိမ်ကြိမ်ရေးခဲ့
ပါတယ်။အစဥ်အလာလည်း မြန်မာ့
သမိုင်းမှာ မရှိပါဘူး။

ကျွန်တော်တို ပြောနေစဥ် အခါ က
ပါတီ လေးပြန်မှတ်ပုံတင် ရွေးကောက်ပွဲ ကိုစောင့် ရင် ဒီအချိန်
ရွေးကောက်ပွဲကျင်းပ ပြီး အစိုးရ
တောင် ပြန်ဖြစ်ရင် ဖြစ်နေမှာပါ။

ဒေါ်စုတောင် ပြန်လွတ်လောက်ရောပေါ့။

အဲ့ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာပြန်ရမည့် လမ်းစဥ်ကို
မသွားပဲ လက်နက်ကိုင်အကြမ်းဖက်
ကြတော့ တိုင်းပြည်လည်း မချမ်းသာ ၊ ပြည်သူလည်း မချမ်းသာ ၊ ပါတီလည်းပျက်စီး
လူတွေလည်း သေ ဖြစ်ကုန်ကြ
တာပါ။

ဘာအဓိပ္ပာယ်မှ မရှိပါဘူး။

ဥပဒေ ကိုလေးစားလိုက်နာပြီး
ဥပဒေ ဘောင်ထဲက သွားကြရင်ဖြင့်
ပြည်လည်းချမ်းသာ လူလည်းချမ်း
သာ ပါပဲ။

အချိန်တွေ ရှိသေးတယ်၊ အသက်တွေ အလဟသ ရင်းနှီးမည့် အစား
တန်ဖိုးရှိတာလေးတွေ ဖြစ်နိုင်တာ
ဖြစ်သင့်တာလေးတွေကို ကူးပြောင်းလုပ်ဆောင်ကြဖို့ လိုအပ်
ပါတယ်။

ဒီတိုင်း ဆက်မိုက်ကြရင်ဖြင့် လူမိုက်
နောင်တ နှင့်သာ အဆုံးသတ် သွား
တော့မှာပါ။


Post a Comment

Previous Post Next Post