လက်နက်ကိုင်ပြီးအကြမ်းဖက်လမ်းစဉ်တေ့ာမရွေးနဲ့တသက်လုံး မြောင်းထဲရောက်မည်မှတ်ပါ

စစ်တပ်ကချမ်းသာတယ်ထင်ရင်စစ်ထဲဝင်ကြပါ
နှစ်၃၀လောက်တာဝန်ထမ်းပြီးလို့
မသေ မပျောက် ဒဏ်ရာမရ ပြစ်မှု့ကင်းရင်တေ့ာ
ဗိုလ်ချုပ် ဖြစ်နိုင်ပါတယ်  ဒါကလည်း မြန်မာတပ်မတော်
ဖွဲ့စည်းတာ၇၈နှစ်ရှိပြီ ကာချုပ်ဖြစ်သူ ၆ယောက်ဘဲရှိသေးတယ်
အမေရိကန်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ပြောင်းရွှေ့လာသူ သန်းချီ အင်အားရှိတယ်
အီလွန်မတ်လို လူကတေ့ာတယောက်ဘဲရှိတယ်
၈၈မှာ မြန်မာပြည်ပြေးတွေ USရောက်သွားတာနှစ်
၃၀ကျော်ပြီ တယောက်မှ အီလွန်မတ်  ဖြစ်မလာဘူး
ဘာလို့လဲဆိုရင် အဖြေက ရှင်းပါတယ်
ထောက်ပံ့ငွေစားပြီး ဟောင်ရုံသက်သက်ဘဝတွေဖြစ်နေလို့ပါ

နိုင်ငံကို ကောင်းစားချင်ရင် လူငယ်တိုင်းက
လိုင်း၂လိုင်းရွေးရမယ်
နံပါတ်၁ စစ်တပ်ကို မကြိုက်ရင်စစ်ထဲဝင်ပါ
နှစ်၃၀ ကြာရင် လူဟောင်းတွေထွက်ပြီး ခင်ဗျားတို့
လူငယ်တွေ ကျန်နေခဲ့မယ်
အဲ့ဒီအချိန်မှာ မင်းတို့ထဲတော်တဲ့လူက ဗိုလ်ချုပ်ဖြစ်မယ်
မင်းတို့ကြိုက်တဲ့ စစ်တပ် ပေါ်လစီ ပြောင်းလို့ရတယ်
အဲ့ဒီအချိန်ကြမှ အရင်လူတွေပေါ်လစီပျော့တယ်
ဒီထက် ကောင်းအောင်၂၅ အစား ၅၀ ပြင်သင့်တယ်
ဖြစ်သွားမလား
လူငယ်တွေ ပါတီထောင်ပါ ပါတီဝင်များအောင်စည်းရုံးပါ
မဲနိုင်ရင် လိုအပ်သလို ပြုပြင်ပြောင်းလဲရေးကို တရားဝင်
ပြောလာနိုင်မယ်
လွှတ်တော်အမတ်ဖြစ်မှ စိတ်ပြောင်းသွားမလား

နိုင်ငံကို လက်နက်ကိုင်လမ်းစဉ် ရွေးရင်တေ့ာ
အရင်က နယ်စပ်သူပုန်လည်းနှစ်၇၀ကျော်တိုက်လည်း
ဘာမှထူးမလာဘူး ပညာမတတ် မီးမရ. တဲစုတ်ဘဝမှာဘဲ ရှိနေမယ်
တပ်မတော်မှာက လက်နက်ဆန်းများစွာရှိနေတယ်
တဆင့်ပြီးတဆင့် လာမှာဘဲ
ဒီခေတ်သူပုန်ဘဝက စခန်းသိမ်းလို့လည်း စခန်းပေါ်
မနေရဲတဲ့ဘဝပါ
အရှင်းဆုံးပြောလိုက်မယ် အချို့သူပုန်အဖွဲ့တွေရဲ့
အန္တိမ ရည်မှန်းချက်က နိုင်ငံထူထောင်ရေးပါ
ဘုမသိ ဘမသိ ကူတိုက်မပေးပါနဲ့. ဒီတိုင်းနေတာက
မြန်မာပြည်အနှံ့ ဗီဇာမပါ သွားလို့ရတယ် သူပုန်ကို
ကူတိုက်ပေးမိရင် မိအေး၂ခါနာမယ် ကံမကောင်းရင်
တနေရာနဲ့တနေရာ ဗီဇာ လုပ်နေရမယ်နော်

ဒါကြောင့် လူငယ်တွေ နိုင်ငံကို တည်ဆောက်ချင်ရင်
စစ်တပ်ထဲဝင်ပါ
ပါတီထဲဝင်တဲ့သူကဝင်ပါ ပါတီထောင်ပါ
ဒါပေမဲ့ ကြိုးစားမှ ရှေ့ရောက်မှာနော်
အလိုလိုကတေ့ာ ဘာမှဖြစ်မလာဘူး
စစ်ထဲဝင်လည်း လူ၁၀၀၀မှာ ဗိုလ်ချုပ်တယောက်မဖြစ်နိုင်ပါ
ပါတီထောင်မဲနိုင်ဘို့မလွယ်ပါ
အမေရိကန်ရောက်လည်းလူတိုင်းအီလွန်မတ်
မဖြစ်နိုင်ပါ
ဒါပေမဲ့ လက်နက်ကိုင်ပြီးအကြမ်းဖက်လမ်းစဉ်တေ့ာမရွေးနဲ့
တသက်လုံး မြောင်းထဲရောက်မည်မှတ်။

Crd

Post a Comment

Previous Post Next Post