အစွန်းရောက်သွားပြီ ဆိုလျှင်

အသိဥာဏ်ကို အမှောင်ဖုံးပြီးအမှန်နှင့် အမှားကို  
ခွဲခြားနိုင်စွမ်း မရှိတော့ပါဘူး။

ငါ လုပ်တာသာ  အဟုတ်ထင်နေတဲ့ အတွက်
သူများ ဘာလုပ်လုပ် မဟုတ်ဘူးလို့ မြင်တော့တာပါပဲ … 

ငါ ပြောတာသာ အမှန်ထင်နေတဲ့ အတွက်သူများ ဘာပြောပြော မမှန်ဘူးလို့မြင်တော့တာပါပဲ … 

"အကျိုးကို ကြည့်ပြီးအပြစ် မြင်တော့မည် ဆိုလျှင်  
အကြောင်းကို ကြည့်ရတယ် … "

"အကြောင်းကို ကြည့်ပြီးအပြစ် မြင်တော့မည် ဆိုလျှင်လည်း 
အကျိုးကို ကြည့်ရပါတယ် … "

"အကြောင်း အကျိုးကိုမညှိထားတဲ့ အသိဟာအကောင်း, အဆိုးကိုလည်း ခွဲခြားပြီး မသိနိုင်ပါဘူး …"

လူ့ဘဝက -တခြား ဘဝတွေထက် သာတာဟာ  
အဲဒီ အသိဥာဏ်တွေ ရှိလို့ပါ … 

မြတ်စွာဘုရားကလည်း မှာခဲ့တယ် မဟုတ်ပါလား …
အကန်း ယုံကြည်တာမျိုးရမ်းသမ်း ယုံကြည်တာမျိုးတွေ
မလုပ်ဖို့ကိုလေ … 

အသိဥာဏ်ပါတဲ့ ယုံကြည်မှုမျိုးကသာကိုယ့်သန္တာန်မှာ ရေရှည် တည်မြဲတာပါ … 

အသိဥာဏ်နှင့် ယှဉ်တဲ့ ယုံကြည်မှုမျိုးကသာ ကိုယ့်အတွက် 
ကောင်းကျိုးများစွာကို  ဖြစ်စေမှာပါ … ။        

ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

🙏🙏🙏🙏🙏🙏🙏 

မူရင်းရေးသားပူဇော်သူကိုဂါရဝပြုပါသည်။

Post a Comment

Previous Post Next Post