ထိုးကျွေးစီမံချက်


ရန်ကုန်မန္တလေးမြို့ကြီးတွေက လမ်းဆုံတွေလူစည်ကားရာနေရာတွေမှာ ဖရဲသီးစီမံချက်ဆိုပြီး စာတွေခိုးကြောင်ခိုးဝှက်ဖွနေကြတာတွေ့ရပါတယ်။

စီမံချက်ကတော့ တပ်မတော်သားအရာရှိ/စစ်သည် မိသားစုဝင်တွေကို သူတို့ အတွက် ဖရဲသီးလုပ်ပေးဖို့နဲ့ အဲ့လိုလုပ်ပေးရင်ဆုငွေပေးမယ် မပေါက်ကြားစေရဘူး ဆိုပြီး ထုံးစံအတိုင်း မိုးလုံးပြည့်မုသာဝါဒတွေနဲ့ မြှူဆွယ်ဖျားယောင်းကြတာပေါ့ဗျာ။

တစ်ခုပဲမေးချင်တာပါ ဘာလဲဆိုတော့ အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည် တွေတပ်မတော်သားမိသားစုဝင်တွေကို မပြောပါနဲ့ဦးဗျ တပ်မတော်အငြိမ်းစားတွေ နဲ့ တပ်မတော်မှအပြစ်ရှိလို့ ထောင်ကျပြီးထွက်သွားတဲ့သူတွေပါမကျန် ဘာဖြေရှင်းချက်မှပေးလို့မရပဲ လိုက်လုပ်ကြံနေတာ ဘယ်အဖွဲ့အစည်းလဲ ခင်ဗျားတို့ဆန့်ကျင်ဘက်အဖွဲ့အစည်းပဲမဟုတ်လား။ ဘာဖြေရှင်းချက်မှကိုပေးခွင့်မရှိပဲ လုပ်ကြံခံခဲ့ကြရတာနော်။CDM ဗိုလ်မှူးဟိန်းသော်ဦးဖြစ်စဉ်ကိုပဲဥပမာကြည့်လိုက်ကြပါ ခင်ဗျားတို့ တွေနဲ့အတိအလင်းကြေညာပြီးပူးပေါင်းခဲ့သူကိုတောင်ခင်ဗျားတို့ဘယ်လိုလုပ်ခဲ့လဲဆိုတာ။

ဒါကိုတောင်မှ အရှက်သိက္ခာမရှိ သူတို့နဲ့ပူးပေါင်းဖို့အတွက် ဖရဲသီးစီမံချက်ဆိုတာဘယ်လိုမှယုံကြည်လို့မရတဲ့ သူတွေကို ဘယ်တပ်မတော်သားနဲ့ဘယ်မိသားစုဝင်တွေကယုံကြည်ကြရမှာလဲ? ရှုံးမဲမဲနေကြပြီး သပ်လျိုသွေးခွဲတာတွေက ရိုးနေပြီ မယုံရေးချမယုံပါ။ ဆုတောာင်းကြပေါ့ဗျာ ဆုတောင်းကြသာပြောတာ ခင်ဗျားတို့သစ္စာသမာဓိတွေနဲ့ကတော့ ဆုတောင်းလည်း မပြည့်လောက်ပါဘူး။
သိမြင်ကြားကြပါစေ
စေတနာဖြင့်
Min Thuya

Post a Comment

Previous Post Next Post