ကြားရတာတွေက မကောင်းဘူး....


KNU က PDF တွေကို ရှေ့ကထား တိုက်ခိုင်းပြီး
သူတို့က နောက်က ထောက်ထားတာ ။

PDF တွေမှာ 
ရှေ့တိုးလည်း တန်ပိုး 
နောက်ဆုတ်လည်း လှည်းဒုတ် အဖြစ်မျိူး
ကြုံနေရတာ ။

တပ်ဘက်ကလည်း 
တစ်ချက်ခုတ် နှစ်ချက်ပြတ်ဗျူဟာနဲ့
ငါတို့က သွားတိုက်နေတာမဟုတ်ဘူး
သူတို့ကလာလာတိုက်လို့ 
ပြန်တိုက်နေရတာဆိုတဲ့အချိူးမျိုး ချိုးထားပြီး
သတ်ကွင်းထဲဝင်လာမှ
လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူတွေနဲ့
ပိတ်ဆို့ပါတ်ဝိုင်းပြန်တိုက်နေတော့
PDF တွေ အထိနာနေသတဲ့ ။

အကြိမ်ကြိမ် ပြောဖူးပါတယ်
တိုင်းရင်းသားလက်နက်ကိုင်တပ်တိုင်းဟာ
သူတို့တပ်ဖွဲ့တွေကို ဖွဲ့တဲ့အခါ
ဗမာမုန်းတီးရေးစိတ်ဓာတ်ရိုက်သွင်းပြီး ဖွဲ့ထားတာ ။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တိုင်းဟာ
ဗမာမုန်းကြတယ် ။
သူတို့ဆီရောက်သွားတဲ့ဗမာဆို
တိုက်ပွဲရှေ့ဆုံးကထားပြီး လူတံတိုင်းလုပ်ခံရတာပဲ။
ပြန်ထွက်ပြေးလို့လည်း မရဘူး အရှင်းခံရတာ ။

အခု
မဲကနယ်နဲ့ သင်္ကန်းညီနောင်မှာ
KNU က နောက်ကပဲ ထောက်ထားပြီး 
PDF တွေကို 
အတွင်းထဲအထိ ဝင်နေရာယူခိုင်းထားတော့
ပြန်ထွက်လို့ မရတော့ဘဲ
ပိတ်ဆို့ရှင်းလင်းတာ ခံနေရလို့
အထိနာနေသတဲ့ ။

အင်း
မင်းတို့ချင်း ချကြ , သတ်ကြ
ငါတို့က ဒေါ်လာထုပ်ပိုက်မယ်အကွက် ။

Post a Comment

Previous Post Next Post